Search Engine

POST LIST

18 January 2012

*Visible*

ပင်ယံထက်ကနှင်းဆီ

လေတိုက်တော့ယိန်းသည်

နေကလဲတောက်

လေကလဲပျောက်တဲ့အချိန်

မင်းဘယ်ဆီယိန်းမလဲ

လောကကိုနားမလည်သေး

တစ်ချိန်မှာသောကနဲ့ဘ၀ကိုစတေးခံနိုင်လား

အပေါ်ယံရောင်ချယ်များကြောင့်

တစ်ရက်ချင်းမင်းဘဝ

လောင်ကျွမ်းနေရပြီလေ

ဘ၀ဆိုတာ မင်းဖတ်တဲ့ ၀တ္ထုလို

မချိုမြိန်တာအမှန်ပါ

ငါ Chess တော့မကျွမ်းဘူး

ဒါပေမဲ့ပါးစပ်နဲ့တိုက်တဲ့စစ်မှာ

ဟလိုက်တာနဲ့ဘာဆိုတာသိနေတယ်……။


                                                   ကြောင်ရိုင်းလေး