Search Engine

POST LIST

18 January 2012

သူငယ်ချင်း

သူငယ်ချင်း….
ငါမင်းတို့အားလုံးကိုခင်တယ်ဆိုတာ
ဆန္ဒကြောင့်မဟုတ်ဘူး
နှလုံးသားကြောင့်.........................

လူတစ်ယောက်ကို ချစ်တတ်
ခင်တတ်ပါတယ်
ဒါပေမဲ့ အရာရာကိုလျှိုက်ဝှက်ထားခဲ့သူ

ငါမှားခဲ့ပါတယ်
ပြန်မပြင်နိုင်တဲ့သူ

ခံစားချက်မဲ့ အရှုံးတွေနဲ့
အခတ်အခဲကိုမေ့ချင်ခဲ့သူ

ညတစ်ညရဲ့အလှ
ငါ့အတွက်ကြယ်တွေမဟုတ်ဘူး
အတူတူပျော်ဖူးတဲ့
သူငယ်ချင်းတွေ

သူတို့ငါ့အကြောင်းတွေ
ဘာမကောင်းပြောပြော
အရာရာကိုပေးနိုင်ခဲ့သူ

ငါ့ဆီကပေးနိုင်တာ
အကုန်ယူသွားပါ
ငါ့နှလုံးသားရော
အဆစ်ပေးခဲ့လိုက်မဲ့သူ

စိတ်တစ်ခုရဲ့လှိုင်းသံတွေ
ငါကြောက်ရွန့်ခဲ့သူ

ဘ၀ဟာလဲ လှိုင်းတွေနဲ့
အတိုက်ခတ်ခံခဲ့ရသူ

အာနည်းချက်အချို့က
မင်းတို့နင်းနေကြပဲလေ.......
နှတ်ဆိတ်စွာနဲ့
အရှုံးပေးပြီ
ငါထွက်သွားလိုက်ပါ့မယ်

ငါ့မျက်ရည်တွေက
ကြောက်စိတ်ကြောင့်မဟုတ်ဘူး

ဒါပေမဲ့
ငါ့နှလုံးသားတစ ပဲ့ကြွေသွားခဲ့လို့
ငါမျှော်လင့်သလို
ရလဒ်တွေ
ငါမဖန်ဆင်းနိုင်ပါဘူး

ဟုတ်တယ်…. ငါအခြောက်တိုက်မာနကြီးတတ်သူ
အတ္တတွေနဲ့ ခြေလွင့်ခဲ့ရသူ
အောင်မြင်မှုမရှိခဲ့လို
အနိုင်လိုချင်ခဲ့သူ

သူငယ်ချင်းအပေါ်
မမုန်းနိုင်ခဲ့သူ

ငါထင်တဲ့ ငါ့အမှန်တရား
ငါမဆင်ချင်နိုင်တဲ့
ငါအတ္တတွေ
ငါမမေ့နိုင်လို့ Sorry ပါ

မပြင်နိုင်တဲ့ခံစားချက်ကြောင့်
အကျင့်မကောင်းသူလို့ပဲ
ရုတ်မာသူလို့ပဲ
မာနကြီးတတ်သူလို့ပဲ
အနိုင်လိုချင်သူလို့ပဲ
တိမ်တွေလိုငါ
လွင့်မျှောသွားပြီ
ငါထွက်ခွါသွားခဲ့ပြီလို့ပဲ
သတ်မှတ်လိုက်ပါ

ငါလိုသူငယ်ချင်းက
မင်းတို့အတွက်မကောင်းလို့ပဲလေ…….
ငါအရာရာကိုပေးဆပ်နိုင်မှတော့
ပေးဆပ်လိုက်ပြီ………
Never see again




                                   ကြောင်ရိုင်းလေး