Search Engine

POST LIST

18 January 2012

မာန်...

ငါ့အသည်းကို အကြိမ်ကြိမ်ခွဲ
စကားလုံးတွေ
အကာအရံမဲ့ခဲ့တဲ့နေ့တွေ
နောက်တစ်နေ့မနက်မှာ
ငါ ... လူသစ်တစ်ယောက်ပဲ
အထာတွေကိုင်ပြီ
ဆရာတွေနဲ့
ဒီလောကထဲမှာ
ငါရှိနေခဲ့တယ်
ငါအရောင်တွေပျောက်
ဒီရင်မှာ တောက်ခေါက်သံတွေနဲ့
လောင်မြိုက်ထားခဲ့တယ်
ကျောက်ထက်က အက္ခရာလို
သိမ်ထားဆဲပဲ....
အစွယ်တွေထုတ်ပြီး
မာန်တွေပြိုင်နေချိန်မှာ
ငါဘက်က
ငြိမ်နေလိုက်မယ်
အင်အားတွေမဲ့နေတာမဟုတ်ဘူး
ကြောက်စိတ်ဆိုတာလဲမရှိဘူး
ငါစိတ်ထဲမှာဘာမှလဲမဆင်ထားဘူး
ဒါပေမဲ့...
မင်းအစွယ်ကုန်သွားရင်တော့....
ငါ....
ရက်စက်ပြလိုက်မယ်..


                                  ကြောင်ရိုင်းလေး