Search Engine

POST LIST

18 January 2012

အရောင်မဲ့နှလုံးသားထဲက ကွဲရှရှ အမည်မဲ့ကဗျာ

အချိန်တိုင်း ........
ငါရဲ့ လွမ်းရက်တွေထဲမှာပေါ့.....

ငါချစ်တဲ့မင်း........
ငါလွမ်းတဲ့မင်းကို ....
ငါ့ရဲ့အကောင်းဆိုအရာတွေနဲ့.....
ငါမင်းကို တစစနဲ့ တသသ ပုံဖော်စေချင်တာပါ....

တတ်မက်ခြင်း.........
ဟုတ်တယ် ငါတတ်မက်နေမိတယ်
ညအချိန်တစ်ခုအတွက်.....

ဒီအချိန်ရောက်လာရင်...
ငါ့ရဲ့အလွမ်းတွေအတွက်

အသံချိုချိုလေး........
ငါ့ရဲ့နေ့ရက်တွေက....
အတောင်းတဆုံးအရာလေး....
ဒီဖုန်းလေးက........
ငါကိုပျော်ရွှင်မှုတွေပေးနေတယ်.....

ဘာလို့လဲ......
အနူးညံဆုံး
လေလှိုင်းသံထဲကတစ်ဆင့်
အသိမ်မွေ့ဆုံးအသံတစ်ချက်က
ဟဲလိုတဲ့............

ဘာမဟုတ်တဲ့ စကားတွေငါပြောနေမိတယ်
ဒါပေမဲ့...
ဒီအချိန်တွေက
ငါ့အတွက် အဓိပ္ပာယ်တွေဖွင်ဆိုနေတယ်

လွဲမှားမှုတစ်ခုဖြစ်လိုက်တိုင်း
ငါမှားခဲ့တာလား
ငါ့ကိုသံသယကမ္ဘာထဲမှာ မွေးဖွားစေခဲ့တာလား
သူပြောတဲ့နောက်ဆုံးစကားက
Duty is Duty တဲ့...........
.......

ဘာပြောရမလဲ
ဘာလုပ်ရမလဲ
ခံစားချက်တွေ....
ငါလွမ်းခဲ့တာတွေကြောင့်....
ငါ.......
ဘာသာမဲ့စကားတွေကိုရွတ်ဆိုနေမိပြီ...

ကာရံမဲ့တဲ့ကဗျာတွေကို
အသိဥာဏ်မဲ့စွာ
ချရေးနေမိတယ်....

ငါရဲ့ အလွမ်းတွေ
လျှံကျသွားတာကြောင့်
တောင်းပန်မိနေတယ်ကောင်မလေး
အရောင်မဲ့တဲ့ ဒီနှလုံးသားထဲကပေါ့...


                                                  ကြောင်ရိုင်းလေး