Search Engine

POST LIST

18 January 2012

စည်း

အိပ်မက်တွေ
ဖန်တီးလို့မရအောင်
အဝေးဆုံးကနေရာ
စီးခြားထားတဲ့ကဏ္ဍတွေလေ...........

အပိုင်းခြားလေးတစ်ခုဆိုပေမဲ့
အိပ်မရတဲ့ရက်တွေဆက်နေတာတောင်
ငါ..ကိုယ်ဘက်ကိုကြည့်ဖို့
မေ့နေခဲ့တယ်...........

စဉ်းစားကြည့်တော့
ဘာမှမဟုတ်တဲ့အရာ
ဒါပေမဲ့
ငါ့စိတ်ထဲမှာတော့
အကြီးမားဆုံးလိုချင်တဲ့
ဆန္ဒတစ်ခုဖြစ်နေတယ်.........

မရေရာတဲ့
လမ်းမရဲ့ဘေးမှာ
ငါ..အခုထိ
အပေအတေလေးဖြစ်နေတုန်းပါလား...

သေချာမှုတစ်ခုက
အရာရာအတွကကောင်းနိုင်ပေမဲ့
ငါဆိုတာကလဲ
မဖြစ်နိုင်တာကိုမှ
တက်မက်ခဲ့သူလေ.....

ကြိမ်ကြိမ်ရှုံးခဲ့ပေမဲ့
ရင်မှာအမုန်းတွေတော့မရှိခဲ့ပါဘူး

ရပါတယ်
အားလုံးကငါဖန်တီးခဲ့တာပဲလေ
ငါကျေနပ်ပါတယ်
ဒါပေမဲ့နောင်တဆိုတာအတွက်တော့
Sorry ပါ...
ငါ့ Dictionary ထဲမှာမရှိလို့.....


.....................................ကြောင်ရိုင်းလေး