Search Engine

POST LIST

18 January 2012

အကောင်းဆုံး...

မာနတွေ
အပြန်အလှန်ထားခဲ့ကြတယ်
အတ္တတွေ
အပြန်အလှန်ကြီးခဲ့ကြတယ်
တကယ်တော့
အနိုင်ယူဖို့မဆုံးဖြတ်ထားတဲ့ငါ
နင်ငါ့ကိုမုန်းတယ်တဲ့လား
ဟုတ်ပါတယ်.....
ငါတို့က ဘာမှမဆိုင်တဲ့လူတွေလေ
ငါ့ရဲ့
အပျော်ကစားကွတ်ထဲမှာ
ခုတုံးဖြစ်သွားတဲ့နင်
နာကျင်အောင်ဆက်တိုက်လုပ်ပြီးတော့မှ
ငါချစ်သွားမိတာကို
ခွင့်လွှတ်ပေးပါ
ငါကိုက Demon တစ်ယောက်ပဲလေ
အချစ်ရေးမှကံမကောင်းတဲ့ငါ
အချစ်မရှိတဲ့ငါ့စိတ်ထဲမှာ
နင်ဝင်လာတော့
နင်ထွက်သွားခဲ့တာပဲကောင်းပါတယ်လေ.....




                                                      ကြောင်ရိုင်းလေး