Search Engine

POST LIST

18 January 2012

နွေဦး.........မိုး

ဒီနေ့ရာလေးမှာပေါ့
မင်းနဲ့ငါ
အတူတူအပျော်ဆုံးအချိန်လေးထဲမှာပေါ့
ဒီထိုင်ခုံလေးပေါ်မှာပဲ
မင်းငါ့ကို
ပထမဆုံးအနမ်းပေးခဲ့သူပါ
လျှို့ဝှက်ချက်တွေနဲ့
ဒီနေရာလေးမှာ
မင်းနဲ့ငါမဆုံနိုင်အောင်ပဲ
ချစ်လျှက်နဲ့
ဝေးကွာခဲ့ကြတာလေ
မင်းမှတ်မိသေးလား
ငါ့စိတ်တွေ
အခုချိန်ထိ
မင်းအနားမှာပဲ
မင်းရဲ့နံပတ် 10 ဆိုတာနဲ့
ငါ့နံပတ် 7 တွေကို
ဖလှယ်ရင်းနဲ့
မျက်လုံးချင်း
နေ့တိုင်းစကားပြောနေခဲ့ကြတယ်လေ
နွေဦးမဟုတ်တဲ့
မိုးရာသီမှာပဲ
ငါအလွမ်းမျက်ရည်
မိုးရည်နဲ့အတူရောသွားလို့
မင်းမသိလိုက်တာလား
ငါကြိုက်တဲ့မိုးရာသီထဲမှာ
ငါချစ်တဲ့ကောင်မလေးနဲ့
ဒီလိုအဖြစ်မျိုးတွေထပ်ဖြစ်နေဦးမှာလား
မင်းနဲ့ငါ
အတူတူနမည်ပေးခဲ့ကြတဲ့
White mind and Pink heart
ဆိုတဲ့နေရာလေး
Lolipop ဆိုတဲ့နမည်လေးတွေ
ငါသိမ်းထားလိုက်ပါ့မယ်...


                                             ကြောင်ရိုင်းလေး