Search Engine

POST LIST

18 January 2012

အပြုံးလေးတစ်ချက်ကြောင့်

ကြယ်ရောင်တွေနဲ့ညတစ်ခုမှာ
အရောင်ဆောင်တိမ်တွေကြောင့်
ငါ့အရိပ်လေးတွေတောင်ပျောက်သွားခဲ့ရပြီလေ...။
အားလုံးငါမှားတာပါ
ချစ်တဲ့ကောင်မလေးတစ်ယောက်နဲ့
သနားမိတဲ့ကောင်မလေးတစ်ယောက်ကြောင့်
အရိပ်မဲ့အနမ်းတွေနဲ့
သွေးအေးချင်ယောင်ဆောင်နေခဲ့မိတယ်
ငါပြုံးနေမိပါတယ်
နုတ်ခမ်းလေးကွေးလို့ပေါ့
ဒါပေမဲ့ မမြင်နိုငတဲ့တစ်ရာမှာ
ငါ့နှလုံးသားရဲ့ငိုကြွေးသံကို ဘယ်သူကြားမှာလဲ
ငိုသံတွေကိုတိတ်ဆိတ်စွာနဲ့
မေ့ပျောက်စေမိတယ်
လက်နှစ်ဖက်ကို အတင်းဆွဲပိတ်ထားလို့ပေါ့
မချော့တတ်ခဲ့တဲ့ငါ
အခုချိန်မှာမှားနေလား
ဒါပေမဲ့ မာနတွေကြောင့်
အကျိတ်ပြီး ဟစ်ကြွေးမိတယ်
ငါမမှားဘူး မှားတယ်တိုတာမရှိဘူး
အတ္တတွေက ငါ့နှလုံးသား
ငါ့အသွေးအသာဲးမှာစီးဆင်းနေတယ်လေ
ငါရက်စက်မိတယ် ချစ်တဲ့သူရယ်
ငါမင်းဆီက ဘာမှမလိုချင်တော့ပါဘူး
ဒါပေမဲ့ မိုးရွာခဲ့ရင်
ထီးမပါပဲသွားတတ်တဲ့ ငါ့ကို
သတိယပေးပါကွာ......
စိတ်ဓာတ်တွေ ဟိုအောက်ကို ကျနေတာတောင်
ဒီလိုဖြည့်ဆီးမှုလေးရရင်
ငါအတွက်ပြည့်စုံနိုင်ပါလိမ့်မယ်...........



                                                                        ကြောင်ရိုင်းလေး