Search Engine

POST LIST

18 January 2012

တတ်မက်ခြင်း

ပစ်မှတ်တစ်ခုကို
ချိန်လို့အပြီးမှာတော့
ငါပစ်လိုက်တဲ့မြှားချက်တွေဟာ
တစ်စုံတစ်ခုကြောင့်
လမ်းတ၀က်မှာ
ပြတ်တော့မကြသွားနိုင်ဘူး
ငါမှားနေတာသိပါတယ်
ဒါပေမဲ့
ငါအကြိုက်ဆုံးနမည်က
No Back တဲ့
ပစ်မှတ်အတွင်းတားဆီးသူတွေကို
ငါ့အသက်ပေးပြီး
ငါပစ်မှတ်ကိုရောက်အောင်သွားခဲ့လိုက်မယ်
ဘာလို့လဲဆိုတော့
လျှို့ဝှက်ချင်းဆိုတာ ငါ့အသည်း
မာနဆိုတာ ငါ့နှလုံးသား
ငါ့ရဲ့သွေးတွေက
နာကျင်မှုတွေနဲ့ဖြစ်နေတော့
သာယာမှုတစ်ခုကို
ကောင်းကောင်း မခံစားတတ်ဘူး
ပျော်ရွှင်မှုမရှိတဲ့ ငါ့ကမ္ဘာမှာ
ငါနေခဲ့တာကျင့်သားရနေပြီ
အရှုံးတွေလဲဆက်နေတယ်
အခုငါ့မှာဆုံးရှုံးမှုတွေလဲရှိနေတယ်
ဒါပေမဲ့
နောက် ငါမကြောက်တော့ပါဘူး
ဘာလို့လဲဆိုတော့
ငါဘာကိုမှမတတ်မက်တော့လို့ပဲ...


.........................................ကြောင်ရိုင်းလေး