Search Engine

POST LIST

17 January 2012

အမှောင်ထဲက ကာယံ

ကဗျာတွေကအဖော်

သီချင်းတွေက ဘဝ

ကာယံတွေပျောက်တဲ့ညမှာ အာရုံတွေထွေးပြားနေဆဲ

အရိပ်တစ်ခုရဲ့ခေါ်သံက

နီးကပ်လာခဲ့သလို

မိုးကြိုးပစ်သံတွေက

ငါ့နားတွေထဲမှာ

သာယာနေခဲ့တယ်

အမြင်တွေပျောက်ကွယ်

အနံတွေ မရှိဘူး

အသံတွေလဲ အတိတ်မှာ ကျန်နေခဲ့ပြီလား

ငါ့ဘ၀တွေပျောက်သွားတာလား

လမ်းတွေမှောက်သွားတာလား

မုန်းတိုင်းတစ်ခုဝင်လာခဲ့ရင်

ကာကွယ်ချင်ပေမဲ့

အင်အားတွေမရှိတော့ဘူး

ငါအရှုံးမပေးချင်ပေမဲ့

အမုန်းဒဏ်တွေကို

ခံနိုင်အောင်ကျင့်ထားလိုက်ပါ့မယ်....


.......................................ကြောင်ရိုင်းလေး