Search Engine

POST LIST

18 January 2012

မင်း.....

အတိတ်ဆိုတာကို
မာယာတွေနဲ့တော့
ချော့သိပ်မသွားပါနဲ့
အရာရာကိုဟန်ဆောင်တတ်ခဲ့ပါတယ်
ဒါပေမဲ့
...အချစ်ဧကရီရဲ့ရှေ့မှာတော့
ငါဒူးထောက်နေခဲ့ပြီ
ငါရင်ကို
မင်းရှေ့ခွဲထုတ်ပြနေပေမဲ့
မင်းမမြင်ခဲ့တာလား
အိပ်မက်တွေကို
မေ့ပစ်လိုက်တာလား
မင်းမယုံတဲ့
အိပ်မက်ထဲက
တွင်းနက်တစ်ခုထဲ
ငါအမှောင်တွေထဲမှာ
လမ်းပျောက်နေချိန်
...ပျော်ရွင်မှု
... နားလည်ခြင်းတွေနဲ့
နှစ်သိပ်ပေးခဲ့တဲ့ မင်း.....
အရာရာကို မင်းဖန်တီးခဲ့ပေမဲ့
အောင်မြင်မှုမရှိတဲ့ကျွန်တော်

ကျွန်တော် စကားတွေကို
ဒီကဗျာလေးသက်သေထားပြီး
ကျွန်တော် ပြောပြလိုက်မယ်........