Search Engine

POST LIST

18 January 2012

ငါ့သာယာမှု....

ခံစားချက် မရှိတာမဟုတ်ဘူး
စကားနက်တွေနဲ့
အသည်းခိုက်အောင်နာကျင်ခဲ့တဲ့
ဒီဇာတ်လမ်းမျိုးတွေ
ငါအကြိမ်ကြိမ်ကြုံခဲ့ပြီးပြီ
နာကျင်စရာတွေကို
ရယ်သံမပြုတတ်ပေမဲ့
ကံကြမ္မာဆိုတာတွေငါမလိုချင်ဘူး
ဒဏ်ရာမပါတဲ့နှလုံးသားဆိုတာ
မင်းပြောသလိုမရှိဘူး
ဟုတ်တယ်... တကယ်မရှိဘူး
ဒါပေမဲ့ ဒီဒဏ်ရာတွေဖန်ဆင်ပေးမဲ့
ငါဟာမင်းအတွက်
ငါဓါးတစ်စဉ်းမဟုတ်ဘူး..
ငါလိုချင်တာ သာယာမှု
ဒါပေမဲ့ ငါ့အတွက်မဟုတ်ဘူး
လူတိုင်းသာယာနိုင်မှ
ငါကျေနပ်နိုင်တဲ့လူစားမျိုးလေ
ဘာလို့လဲဆိုတော့
အနိုင်လိုချင်သူတစ်ယောက်အတွက်
အရှုံးတွေဆက်တိုက်ပေးခဲ့လိမ့်မယ်
ဒါပေမဲ့
ငါကရှုံးနေတဲ့လူတစ်ယောက်အတွက်
အရှုံးတွေကိုထပ်မပေးချင်ဘူး..
မှတ်ထားလိုက်ပါ ငါ့နမည်ကိုငါပြင်လိုက်ပြီ
Demon-blood & angel-heart
ငါမမြင်အောင်ဟန်ဆောင်နိုင်တယ်
ဖုံးကွယ်ထားနိုင်တယ်
မဖြစ်နိုင်တာ တစ်ခုကိုလုပ်ဖို့ထက်
ဖြစ်နိုင်တာ အခုတစ်ရာကိုပဲငါလုပ်လိုက်မယ်....

အားလုံးကောင်းဖို့အတွက် တစ်ခုကြောင့်....




                                                              ကြောင်ရိုင်းလေး...