Search Engine

POST LIST

18 January 2012

Matal...

ကြည်နူးစရာသီချင်း
အိပ်ရာဝင်တေးသွားတွေက
ငါ့အတွက်မှမဟုတ်ပဲ....
ခံစားချက်မဲ့တဲ့
Matal ဆိုတဲံဂီတမှာ
ငါပေါက်ကွဲထွက်လိုက်မယ်
သံစဉ်ချိုတွေက
ငါ့အတွက်ခါးနေပြီ
သာယာမှုဆိုတာ
ကလဲ့စား
ပျော်ရွှင်မှုဆိုတာ
အနိုင်ပွဲတစ်ခု
ငါ့ကိုအိပ်ပျော်စေတဲ့
Matal လောကမှာ
ငါသီချင်းတွေကို
ကျယ်ကျယ်လေးဆိုပြီး
ငါအိပ်ပျော်နိုင်မယ်
အာခေါင်သံခြစ်ပြီး
နာကျင်မှုတွေကို
အော်ဟစ်ထုတ်နိုင်မယ့်
ငါ့ MaTal ကမဆုံးသေးပါဘူး...။


                                                ကြောင်ရိုင်းလေး