Search Engine

POST LIST

18 January 2012

မကမ်းတဲ့လက်

ငါနှလုံးသားတုံလှုပ်သွားခဲ့ပါတယ်
တကယ်ပါ....
မင်းမရှိတော့လို့လား
ခြေလှမ်းတွေမှားနေခဲ့ပါတယ်
ငါပြန်မပြင်နိုင်ခဲ့ဘူး
စိတ်တွေလွင့်သွားလိုက်တိုင်း
အနားနားမရှိတော့တဲ့မင်း
ငါတမ်းတရင်းနဲ့ပေါ့...
အိပ်မက်တွေပျောက်သွားခဲ့ပါပြီ
ငါမပျောက်ချင်သေးဘူး
ငါ့ခြေလှမ်းတွေက
ကစားကွတ်တစ်ခုမဟုတ်ပါဘူး
ငါမင်းအပေါ်မှာတကယ်တော့
အဖြူရောင်အချစ်တစ်ခုနဲ့ချစ်ခဲ့တာပါ
ဒါပေမဲ့
အဆုံးမဲ့တဲ့လောကရဲ့အောက်
မမြင်နိုင်တဲ့ပြောင်းလဲမှုတွေနဲ့
အဝေးဆုံးမှာ
အခုတော့
မကမ်းနိုင်တဲ့လက်တစ်ဖက်ကို
မျှော်လင့်ရင်းနဲ့ပဲ........




                                                             ကြောင်၇ိုင်းလေး