Search Engine

POST LIST

18 January 2012

နောက်ဆုံးသီချင်းသံ

ရာသီတွေကူးပြောင်းနေတယ်
သစ်ရွက်လေးတွေက
လေပြေလေးတစ်ချက်ဝှေ့လိုက်တိုင်းကို
တဖြုတ်ဖြုတ်နဲ့ကြွေကျနေရပြီလေ
ဟာာာာ.... ပြင်းလိုက်တဲ့နေ
တစ်ပင်လုံးလဲချောက်ကပ်နေပြီလေ
ဘေးပတ်လည်မှာလဲ
သစ်ပင်တွေက
ကြောက်စရာကောင်းလောက်အောင်
တစ္ဆတစ်ကောင်လို.....
ငါ့အနားမှာအရင်လို
တေးသီပေးမဲ့ ငါ့ရဲ့နိုက်တင်ဂေးလေးက
မရှိတော့ဘူးလေ
ဒါဟာဘာကြောင့်လဲ
အစိမ်ရောင်မရှိတော့တဲ့
ကိုယ့်ရဲ့ အရွက်တွေကြောင့်လား
အမောပြေရေဆိုလို့လဲ
လုံးဝကိုကုန်ခမ်းသွားပြီလား
ငါ့အတွက်သမုဒ္ဒရာဆိုတာမရှိတော့ဘူး
ငါရဲ့နောက်ဆုံးနေလေးအတွက်ပေါ့
ဒီလို အရာရာမပြည့်စုံတဲ့အချိန်မှာ
ငါအလိုချင်ဆုံးက
အရင်လို နိုက်တင်ဂေးရဲ့သီချင်းသံလေးပါပဲ...




                                                            ကြောင်ရိုင်းလေး