Search Engine

POST LIST

10 February 2012

အကွေ့တစ်ခုက မဆုံမှတ်များ


ဘ၀မှာကြမ်းတမ်းခဲ့လိမ့်မယ်
ဒါပေမဲ့ ပျော်ရွှင်မှုကိုဖန်တီးခဲ့တာ အချစ်
ဝမ်းနည်းမှုကိုဖန်းတီးခဲ့တာ အချစ်
စိုးရိမ်မှုတွေဖြစ်စေလာခဲ့တာ အချစ်







ငိုကြွေးမှုတွေဖြစ်စေခဲ့တာ အချစ်
သာယာမှုကိုဖန်းဆင်းနိုင်တာ အချစ်တဲ့
ဒါပေမဲ့……
ငါ့အတွက်တော့….
မင်းနဲ့ထိုင်ခဲ့တဲ့ခုံတန်းလေးတွေ
အတူသွားခဲ့တဲ့နေရာလေးတွေ
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နောက်ပြောင်မှုတွေ
ပျော်စရာအချိန်လေးတွေပါ….
သာယာမှုတစ်ခုတော့မဖြစ်စေနိုင်တော့ဘူးတဲ့လေ….