Search Engine

POST LIST

03 February 2012

ဒီလိုပါပဲ ...သူနဲ့ငါစတွေ့တဲ့နေ့လေးတစ်နေ့မှာ ငါရင်တွေခုတိုင်ခုန်နေတုန်းပဲ.. အိပ်မက်တွေထဲမှာလဲသူပဲ... ငါဘယ်သူ့ကိုမှသူ့လောက်မချစ်ဖူးဘူး အတူတူလျှောက်ခဲ့တဲ့လမ်းတွေ အတူတူသွားခဲ့တဲ့ နေရာလေးတွေ ငါအခုတိုင် ငါ့နှလုံးသားမှာ မင်းလှုပ်ရှားနေတဲ့ပုံရိပ်လေးတွေ ထင်နေတုန်းပဲ... အိပ်မက်တွေထဲမှာလဲ မင်းရဲ့ မင်္ဂလာဆောင်မှာ ငါအသည်းတွေကွဲနေတုန်းပဲ... မင်းနဲ့ငါလေ ဒီလို ညအချိန်လေးမှာပေါ့ ဖုန်းတွေကိုအကြိမ်ကြိမ်ခေါ်ရင်း စကားတွေပြောခဲ့ကြတယ်လေ သူငယ်ချင်တွေပြောတာတောင်ခံလိုက်ရတယ်... ရပါတယ် မင်းသာ ငါ့ဘ၀ရဲ့ အကြည့်နူးဆုံးအရာလေးတစ်ခုပါ မင်းသာရှိရင် ငါ့ဆီလာသမျှ မြှားချက်တွေကို မင်းရဲ့အနူးညံဆုံး.... အချစ်ဆိုတာနဲ့ကာကွယ်ပေးခဲ့တယ်လေ... အခုတော့လဲ ငါ့ဘ၀ ငါ့ဂီတ ငါ့ကမ္ဘာက အားလုံးမျှော်လင့်ချက်တွေမဲ့နေပြီ... ငါနှုတ်ဆိတ်နေပြီ.. ငါစကားလုံးတွေမရှိတော့ပါဘူး ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ ဒီဒဏ်ရာတွေ ဘယ်အချိန်မှကျက်တော့မှာလဲ အကြိမ်ကြိမ်ငါ့မေ့ဖို့ကြိုးစားခဲ့ပါတယ်... ငါမမေ့နိုင်သေးဘူး
... မင်း အချစ်သစ်တခုဆီမှာပျော်ပျော်လေးနေလိုက်ပါကွာ... ငါမလွန်ဆန်နိုင်တဲ့ ဒီလောကကြီးမှာ ငါငြိမ်သက်နေလိုက်ပါ့မယ်....