Search Engine

POST LIST

28 January 2012

Demon

Salience make me FEAR....!  
Fear make me SCARE...!
Scare make me DEMON...! 
What's Justice..?Really it is made by money, Some Body use honer, some use twist, some use rude, Some use cruel...

Rich....?
just lair  ....
Angel..? Haha... that is just filler for hell making me that angel is Demon .. First I'm not happing but I can live so long there. There is so magical and so undispress....!!!

22/1 I suffer a thing but I don't know what is I think that is just pretending feeling but I don't know why... and how....???

Kyout Myoung make my demon life first
Km make me cruel
Km make me rude

Demon Vampier

iving angel making demon...!
Treat me like an Angel if not I'll be your Devil! I'll try being nice if you try being smarter."
မိစ္ဆာလေးရဲ ကိုယ်ပိုင်နေရာလေးက သူငယ်ချင်းတို့ကိုကြိုဆိုလျှက်ပါ...
ကျွန်ုပ်မိစ္ဆလေးက ခံစားချက်ကို ဦးစားပေးပြီး Blog လေးကိုရေးသားထားတာပါ.....
Blog လေးရဲ့ရည်ရွယ်ချက်က ကျွန်ုပ်နေစဉ် လှုပ်ရှားမှုလေးတွေနဲ့ အမှတ်တရတွေ သိမ်းထားရနေရာလေးဖြစ်ပါတယ်....
Blog လေးက သူများတွေလိုမကောင်းပါဘူး သူများတွေလိုစိတ်ဝင်စားဖို့မကောင်းပါဘူး ဒါပေမဲ့ကျွန်ုပ်
မိစ္ဆာလေးရဲ့ ပျော်စံရာ တစ်ခုတည်းသောနေရာမှ အားလုံးကိုကြိုဆိုပါတယ်.....

ကဗျာ

ငါဟာကဗျာဆရာပါ
ဒါပေမဲ့ကဗျာမဆန်ဘူး
ကဗျာတစ်ပိုဒ်သာ ဘ၀လို့
ယူဆခဲ့မိသူ
ကဗျာတွေနဲ့
အတိတ်ဆိုတာကိုနှင့်သိပ်ခဲ့ရသူ
ကဗျာတစ်ပုးအတွက်
ညနက်တွေကိုဖြတ်ကျော်ခဲ့သူ
ကဗျာမဟုတ်တဲ့ကဗျာအတွေးထဲမှာ
ကဗျာ.... မင်းသာမြင်နိုင်ခဲ့ရင်
ငါအတွေးထဲက
နင့်ပြောဆိုဟန်လေးတွေက
ငါနှလုံးသားအတွက်
ကဗျာရေးတဲ့ကဗျာတစ်ပိုဒ်ပါ....

                                     ကြောင်ရိုင်းလေး





အရောင်မဲ့နှလုံးသားထဲက ကွဲရှရှ အမည်မဲ့ကဗျာ

အချိန်တိုင်း ........
ငါရဲ့ လွမ်းရက်တွေထဲမှာပေါ့.....

ငါချစ်တဲ့မင်း........
ငါလွမ်းတဲ့မင်းကို ....
ငါ့ရဲ့အကောင်းဆိုအရာတွေနဲ့.....
ငါမင်းကို တစစနဲ့ တသသ ပုံဖော်စေချင်တာပါ....

တတ်မက်ခြင်း.........
ဟုတ်တယ် ငါတတ်မက်နေမိတယ်
ညအချိန်တစ်ခုအတွက်.....

ဒီအချိန်ရောက်လာရင်...
ငါ့ရဲ့အလွမ်းတွေအတွက်

အသံချိုချိုလေး........
ငါ့ရဲ့နေ့ရက်တွေက....
အတောင်းတဆုံးအရာလေး....
ဒီဖုန်းလေးက........
ငါကိုပျော်ရွှင်မှုတွေပေးနေတယ်.....

ဘာလို့လဲ......
အနူးညံဆုံး
လေလှိုင်းသံထဲကတစ်ဆင့်
အသိမ်မွေ့ဆုံးအသံတစ်ချက်က
ဟဲလိုတဲ့............

ဘာမဟုတ်တဲ့ စကားတွေငါပြောနေမိတယ်
ဒါပေမဲ့...
ဒီအချိန်တွေက
ငါ့အတွက် အဓိပ္ပာယ်တွေဖွင်ဆိုနေတယ်

လွဲမှားမှုတစ်ခုဖြစ်လိုက်တိုင်း
ငါမှားခဲ့တာလား
ငါ့ကိုသံသယကမ္ဘာထဲမှာ မွေးဖွားစေခဲ့တာလား
သူပြောတဲ့နောက်ဆုံးစကားက
Duty is Duty တဲ့...........
.......

ဘာပြောရမလဲ
ဘာလုပ်ရမလဲ
ခံစားချက်တွေ....
ငါလွမ်းခဲ့တာတွေကြောင့်....
ငါ.......
ဘာသာမဲ့စကားတွေကိုရွတ်ဆိုနေမိပြီ...

ကာရံမဲ့တဲ့ကဗျာတွေကို
အသိဥာဏ်မဲ့စွာ
ချရေးနေမိတယ်....

ငါရဲ့ အလွမ်းတွေ
လျှံကျသွားတာကြောင့်
တောင်းပန်မိနေတယ်ကောင်မလေး
အရောင်မဲ့တဲ့ ဒီနှလုံးသားထဲကပေါ့...


                                                  ကြောင်ရိုင်းလေး

21 January 2012

မင်းကတော့ ရယ်နိုင်တာပေါ့ကွာ ရယ်သံတွေဆူညံနေတဲ့မင်း အနားမှ ငိုသံသဲသဲလေးကိုတော့ ဘယ်ကြားပါ့မလဲ.....

19 January 2012

Photo

အကြိုက်ဆုံးမင်းသားပုံလေးပါ

                             1St yr တုန်းက စာခိုးချနေတာ...ပျော်စရာကြီးပဲ

                             အိမ်တွင်းပုန်းလုပ်တုန်းကအမှတ်တရ....
                                   
                            Lucky sky အင်တာနက်ဆိုင် ( 11.12.2009)

                           13.12.2009

                            ဘီယာသောက်ပြီး ......

                            ဓါးသမားလေး....

                            အကြိုက်ဆုံး Final Fantasy ကာတွန်းလေး...                          

18 January 2012

အမှောင်ထဲက ကာယံ

ကဗျာတွေကအဖော်

သီချင်းတွေက ဘဝ

ကာယံတွေပျောက်တဲ့ညမှာ အာရုံတွေထွေးပြားနေဆဲ

အရိပ်တစ်ခုရဲ့ခေါ်သံက

နီးကပ်လာခဲ့သလို

မိုးကြိုးပစ်သံတွေက

ငါ့နားတွေထဲမှာ

သာယာနေခဲ့တယ်

အမြင်တွေပျောက်ကွယ်

အနံတွေ မရှိဘူး

အသံတွေလဲ အတိတ်မှာ ကျန်နေခဲ့ပြီလား

ငါ့ဘ၀တွေပျောက်သွားတာလား

လမ်းတွေမှောက်သွားတာလား

မုန်းတိုင်းတစ်ခုဝင်လာခဲ့ရင်

ကာကွယ်ချင်ပေမဲ့

အင်အားတွေမရှိတော့ဘူး

ငါအရှုံးမပေးချင်ပေမဲ့

အမုန်းဒဏ်တွေကို

ခံနိုင်အောင်ကျင့်ထားလိုက်ပါ့မယ်....
.......................................ကြောင်ရိုင်;လေး

အပြုံးလေးတစ်ချက်ကြောင့်

ကြယ်ရောင်တွေနဲ့ညတစ်ခုမှာ
အရောင်ဆောင်တိမ်တွေကြောင့်
ငါ့အရိပ်လေးတွေတောင်ပျောက်သွားခဲ့ရပြီလေ...။
အားလုံးငါမှားတာပါ
ချစ်တဲ့ကောင်မလေးတစ်ယောက်နဲ့
သနားမိတဲ့ကောင်မလေးတစ်ယောက်ကြောင့်
အရိပ်မဲ့အနမ်းတွေနဲ့
သွေးအေးချင်ယောင်ဆောင်နေခဲ့မိတယ်
ငါပြုံးနေမိပါတယ်
နုတ်ခမ်းလေးကွေးလို့ပေါ့
ဒါပေမဲ့ မမြင်နိုငတဲ့တစ်ရာမှာ
ငါ့နှလုံးသားရဲ့ငိုကြွေးသံကို ဘယ်သူကြားမှာလဲ
ငိုသံတွေကိုတိတ်ဆိတ်စွာနဲ့
မေ့ပျောက်စေမိတယ်
လက်နှစ်ဖက်ကို အတင်းဆွဲပိတ်ထားလို့ပေါ့
မချော့တတ်ခဲ့တဲ့ငါ
အခုချိန်မှာမှားနေလား
ဒါပေမဲ့ မာနတွေကြောင့်
အကျိတ်ပြီး ဟစ်ကြွေးမိတယ်
ငါမမှားဘူး မှားတယ်တိုတာမရှိဘူး
အတ္တတွေက ငါ့နှလုံးသား
ငါ့အသွေးအသာဲးမှာစီးဆင်းနေတယ်လေ
ငါရက်စက်မိတယ် ချစ်တဲ့သူရယ်
ငါမင်းဆီက ဘာမှမလိုချင်တော့ပါဘူး
ဒါပေမဲ့ မိုးရွာခဲ့ရင်
ထီးမပါပဲသွားတတ်တဲ့ ငါ့ကို
သတိယပေးပါကွာ......
စိတ်ဓာတ်တွေ ဟိုအောက်ကို ကျနေတာတောင်
ဒီလိုဖြည့်ဆီးမှုလေးရရင်
ငါအတွက်ပြည့်စုံနိုင်ပါလိမ့်မယ်...........



                                                                        ကြောင်ရိုင်းလေး

မင်းအတွက်

ထားခဲ့လိုက်ပါ..
ငါအနူးအညွန့်တောင်းပန်ပါတယ်.....
ငါ့မှာ ထပ်ခံစားစေဖို့နှလုံးသားမှာ.....
ဒဏ်ရာတွေရှိနေပြီလေ........
ငါနင့်အနားနားမှာနေချင်ပေမဲ့
ဒါတွေဟာအိပ်မက်တစ်ခုလိုပဲ...
ငါအတွက်ပေါ့လေ....
တစ်ဖက်သက်ဖြစ်နေတဲ့ငါ့အတွက်ပေါ့လေ...
ငါမင်းနဲ့ အရင်လို့ပြန်နေချင်ပေမဲ့....
ငါ့နှလုံးသားကို
မေးခွန်းတွေအများကြီးမေးရတော့မယ်...
တစ်ချိန်ကတည်းကချစ်ခဲ့တာပါ
အခုတစ်ချိန်ဆိုတာတွေ ထပ်ကာထပ်ကာနဲ့
နာရီသံတွေချက်လို့ကြားလိုက်တိုင်း
ငါမင်းကိုချစ်နေတာတွေ...
မသိခဲ့ရင်နေပါ...
ငါရင်ခုန်သံလေးတစ်ချက်ကို
ကြားနေပါတယ်လို့
လိမ်ပြီးပြောခဲ့ရင်တောင်
အဲ့နေ့ရက်လေးက
ငါ့အတွက်..
ပျော်စရာကောင်းသွားလိမ့်မယ်.....
                                                    ကြောင်ရိုင်းလေး.....။

အမှောင်...........

လမိုက်ညလေးတစ်ခုမှာ
အမှောက်ဘက်ခြမ်းက
လျှောက်လာတဲ့ကောင်လေးတစ်ယောက်
ဘ၀မှာ မှောင်မိုက်မှုတွေနဲ့
တပါးသူတွေက
ပျော်နေတယ်လို့ထင်နေရပေမဲ့
ရင်ထဲက အထီးကျန်မှုတွေကို
သူတို့မမြင်နိုင်ခဲ့ကြဘူး
ဒီအနက်ရောင် one set လေးအောက်က
နှလုံးသားဟာလဲ
အမဲရောင်အချစ်တွေနောက်မှာ
ကျန်ခဲ့ရပြီလေ
သူစောင့်နေတာက
တစ်ချိန်သူ့ဘ၀ကြီးပြန်လင်းလာဖို့ပဲ
နှလုံးသားကတော့
ပြန်မရနိုင်တော့ပေမဲ့
ပြန်မယူတော့ပါဘူးတဲ့
ဒါပေမဲ့
ဘ၀မှာ
တစ်ခါလောက်လင်းလက်ခွင့်လေးတော့ပေးဖို့ကို
သူဆုတောင်းနေမိတယ်
.............................................................ကြောင်ရိုင်းလေး

Revenge...

တစစကြွေ
တမွမွဆွေးအောင်
လုပ်ခံရတဲ့ ငါ့အသည်း
ငါတွေ့ခဲ့တဲ့ ရိုင်းစိုင်းခြင်း
ငါဆုံခဲ့တဲ့ကောင်မလေး
ငါအတွက်ဖန်တီးပေးတဲ့ကံကြမ္မာတွေက
တစ်ဖက်သက် ဆန်လှချည်လား
အခုတော့ ငါ့ကိုယ်ငါသိလိုက်တယ်
ငါဟာအများရှေ့မှာ ခေါင်းငုံနေရမတဲ့လေ
အဟာ့..... မင်းကြည့်လိုက်
ငါဟာတကယ်တော့
မင်းတို့အရောင်ချယ်ခဲ့တာပါ
ငါ့ကြမ်းတမ်းတဲ့စိတ်
ရိုင်းစိုင်းတဲ့ကံကြမ္မာ
ခံနိုင်ရည်ရှိနေတဲ့ ငါ့နှလုံးသားရဲ့
တုန့်ပြန်မှုကို
မင်းသိလိမ့်မယ်.............


                                                     ကြောင်ရိုင်းလေ

နှလုံးသားမဲ့ကဗျာ..............

အရိပ်မဲ့တိုက်ကွပ်တွေရဲ့နောက်
တရစက် တိုက်ခိုက်ရင်း
နှလုံးသားနက်ထဲက
သွေးစက်တွေစီးကျလို့
ငါမင်းရှေ့မှာ ဒူးထောက်ခဲ့ရပြီ
ဆုံးရှုံးမှုမပြင်းထန်ပေမဲ့
နောက်တစ်ကြိမ်မှာ
ငါ့နှလုံးသားမဲ့ကဗျာတွေနဲ့
တိုက်စစ် ဆင်နေဦးမယ်
အရှုံးတဲ့လား
ဒီခါးသီးမှုက
ငါကိုရူးစေခဲ့တာအမှန်ပါ
ဒါပေမဲ့
အရိပ်မဲ့သွေးစက်နဲ့
ငါနှလုံးသားမဲ့ကဗာတွေကို
ငါချရေးပြေီ
တစ်ခါတော့ရှုံးနိမ့်လိုက်ပါ့မယ်
ဒါပေမဲ့လည်း
ရက်စက်သူတစ်ယောက်မဟုတ်ခဲ့ဘူး
အမုန်းတွေလဲမရှိခဲ့ဘူး
တိုက်စစ်တစ်ခုအတွက်
ငါသွေးစက်တွေကို
အဆုံးအရှုံးခံလိုက်မယ်


                                                    ကြောင်ရိုင်းလေး

အကွေ့တစ်ခုက မဆုံမှတ်များ

ဘ၀မှာကြမ်းတမ်းခဲ့လိမ့်မယ်
ဒါပေမဲ့ ပျော်ရွှင်မှုကိုဖန်တီးခဲ့တာ အချစ်
ဝမ်းနည်းမှုကိုဖန်းတီးခဲ့တာ အချစ်
စိုးရိမ်မှုတွေဖြစ်စေလာခဲ့တာ အချစ်
ငိုကြွေးမှုတွေဖြစ်စေခဲ့တာ အချစ်
သာယာမှုကိုဖန်းဆင်းနိုင်တာ အချစ်တဲ့
ဒါပေမဲ့……
ငါ့အတွက်တော့….
မင်းနဲ့ထိုင်ခဲ့တဲ့ခုံတန်းလေးတွေ
အတူသွားခဲ့တဲ့နေရာလေးတွေ
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နောက်ပြောင်မှုတွေ
ပျော်စရာအချိန်လေးတွေပါ….
သာယာမှုတစ်ခုတော့မဖြစ်စေနိုင်တော့ဘူးတဲ့လေ….
....................................................ကြောင်ရိုင်းလေး

တကွတ်စာ

စိတ်ဓာတ်မဲ့တဲ့ညမှာ
ငါ့အသည်းနှလုံးက
သီချင်းလေးတစ်ပုဒ်ညည်းနေတယ်
ဘိာုတာကိုမသိခဲ့ပေမဲ့
ငါလွမ်းနေမိတာအမှန်ပဲ....
စိတ်ကူးထဲက ကမ္ဘာလေးကတော့
ငါဟာမင်းနဲ့အတူ....
နေ့သစ်တစ်ခုရဲ့
မနက်ခင်းမှာ
ပြောင်းလဲမှုများစွာနဲ့
အရာရာဟာ
အသစ်တစ်ခုဖြစ်နေပေမဲ့
ငါ့နှလုံးသားရဲ့
တကွပ်စာနေရာလေးက
အခုထိအသစ်တွေမဖြစ်နိုင်ဘူး
နေ့တွေသာကုန်နေခဲ့တယ်
တကွပ်စာနေရာလေးကတော့
တစ်နေ့ပြီးတစ်နေ့
ဟောင်းနွမ်းနေပြီ.............

                          ကြောင်ရိုင်းလေး

မကမ်းတဲ့လက်

ငါနှလုံးသားတုံလှုပ်သွားခဲ့ပါတယ်
တကယ်ပါ....
မင်းမရှိတော့လို့လား
ခြေလှမ်းတွေမှားနေခဲ့ပါတယ်
ငါပြန်မပြင်နိုင်ခဲ့ဘူး
စိတ်တွေလွင့်သွားလိုက်တိုင်း
အနားနားမရှိတော့တဲ့မင်း
ငါတမ်းတရင်းနဲ့ပေါ့...
အိပ်မက်တွေပျောက်သွားခဲ့ပါပြီ
ငါမပျောက်ချင်သေးဘူး
ငါ့ခြေလှမ်းတွေက
ကစားကွတ်တစ်ခုမဟုတ်ပါဘူး
ငါမင်းအပေါ်မှာတကယ်တော့
အဖြူရောင်အချစ်တစ်ခုနဲ့ချစ်ခဲ့တာပါ
ဒါပေမဲ့
အဆုံးမဲ့တဲ့လောကရဲ့အောက်
မမြင်နိုင်တဲ့ပြောင်းလဲမှုတွေနဲ့
အဝေးဆုံးမှာ
အခုတော့
မကမ်းနိုင်တဲ့လက်တစ်ဖက်ကို
မျှော်လင့်ရင်းနဲ့ပဲ........




                                                             ကြောင်၇ိုင်းလေး

ချစ်နေပေမဲ့

နှလုံးသားမရှိလို့ပါ
အချစ်အတွက်
ခံစားချက်တွေရှိနေဆဲပဲ
ဒါပေမဲ့
အိပ်မက်တွေပျောက်ဆုံးနေပြီ
အိပ်မရတဲ့ရက်တွေ
လက်ချိုးမရီနိုင်တော့ဘူး
ငါမလိမ်ငါဘူး
ငါ့ရင်ထဲမှာတော့ သိမ်ထားနေဆဲပါ
ကတိတွေကိုရောပေါ့
ဒါပေမဲ့
ငါ့ပါးစပ်က မချစ်ခဲ့ဘူးလို့ ပြောနေတယ်
ဘာကြောင့်လဲ
ငါသူ့ကိုရူးလောက်အောင်ချစ်တယ်
ဒါပေမဲ့
ဒူးထောက်ဖို့အတွက်
ငါ့ဆီမှာမာနတွေရျိနေမိတာလား...
.......................ကြောင်ရိုင်းလေး

တတ်မက်ခြင်း

ပစ်မှတ်တစ်ခုကို
ချိန်လို့အပြီးမှာတော့
ငါပစ်လိုက်တဲ့မြှားချက်တွေဟာ
တစ်စုံတစ်ခုကြောင့်
လမ်းတ၀က်မှာ
ပြတ်တော့မကြသွားနိုင်ဘူး
ငါမှားနေတာသိပါတယ်
ဒါပေမဲ့
ငါအကြိုက်ဆုံးနမည်က
No Back တဲ့
ပစ်မှတ်အတွင်းတားဆီးသူတွေကို
ငါ့အသက်ပေးပြီး
ငါပစ်မှတ်ကိုရောက်အောင်သွားခဲ့လိုက်မယ်
ဘာလို့လဲဆိုတော့
လျှို့ဝှက်ချင်းဆိုတာ ငါ့အသည်း
မာနဆိုတာ ငါ့နှလုံးသား
ငါ့ရဲ့သွေးတွေက
နာကျင်မှုတွေနဲ့ဖြစ်နေတော့
သာယာမှုတစ်ခုကို
ကောင်းကောင်း မခံစားတတ်ဘူး
ပျော်ရွှင်မှုမရှိတဲ့ ငါ့ကမ္ဘာမှာ
ငါနေခဲ့တာကျင့်သားရနေပြီ
အရှုံးတွေလဲဆက်နေတယ်
အခုငါ့မှာဆုံးရှုံးမှုတွေလဲရှိနေတယ်
ဒါပေမဲ့
နောက် ငါမကြောက်တော့ပါဘူး
ဘာလို့လဲဆိုတော့
ငါဘာကိုမှမတတ်မက်တော့လို့ပဲ...


.........................................ကြောင်ရိုင်းလေး

ပေးဆပ်ချင်းတစ်ခု

ငါလွမ်းနေပြီလေ

မင်းလဲပျော်နိုင်မယ်မထင်ပါဘူး

ငါ့ဘ၀ရဲ့အရာရာဟာလဲမင်းဖြစ်နေတယ်

မျှော်လင့်ချက်လေးတောင်မပေးတော့ဘူးလား

ငါသိနေပါတယ်

မင်းလဲမပျော်နိုင်ခဲ့ဘူးဆိုတာ

ဒါပေမဲ့ခတ်တာက

ငိုနေသူတစ်ယောက်ရဲ့ငိုသံလေးတော့

မင်းမကြားနိုင်ဘူးလေ ဘာဖြစ်ဖြစ် ဆူးက

ရင်ထဲမှာ နက်နေရင်တောင်

ငါမင်းအတွက်သီချင်းလေးတစ်ပုဒါဆိုပြနေမှာပါ.....။


                                                             ကြောင်ရိုင်းလေး

*Visible*

ပင်ယံထက်ကနှင်းဆီ

လေတိုက်တော့ယိန်းသည်

နေကလဲတောက်

လေကလဲပျောက်တဲ့အချိန်

မင်းဘယ်ဆီယိန်းမလဲ

လောကကိုနားမလည်သေး

တစ်ချိန်မှာသောကနဲ့ဘ၀ကိုစတေးခံနိုင်လား

အပေါ်ယံရောင်ချယ်များကြောင့်

တစ်ရက်ချင်းမင်းဘဝ

လောင်ကျွမ်းနေရပြီလေ

ဘ၀ဆိုတာ မင်းဖတ်တဲ့ ၀တ္ထုလို

မချိုမြိန်တာအမှန်ပါ

ငါ Chess တော့မကျွမ်းဘူး

ဒါပေမဲ့ပါးစပ်နဲ့တိုက်တဲ့စစ်မှာ

ဟလိုက်တာနဲ့ဘာဆိုတာသိနေတယ်……။


                                                   ကြောင်ရိုင်းလေး

နောက်ဆုံးသီချင်းသံ

ရာသီတွေကူးပြောင်းနေတယ်
သစ်ရွက်လေးတွေက
လေပြေလေးတစ်ချက်ဝှေ့လိုက်တိုင်းကို
တဖြုတ်ဖြုတ်နဲ့ကြွေကျနေရပြီလေ
ဟာာာာ.... ပြင်းလိုက်တဲ့နေ
တစ်ပင်လုံးလဲချောက်ကပ်နေပြီလေ
ဘေးပတ်လည်မှာလဲ
သစ်ပင်တွေက
ကြောက်စရာကောင်းလောက်အောင်
တစ္ဆတစ်ကောင်လို.....
ငါ့အနားမှာအရင်လို
တေးသီပေးမဲ့ ငါ့ရဲ့နိုက်တင်ဂေးလေးက
မရှိတော့ဘူးလေ
ဒါဟာဘာကြောင့်လဲ
အစိမ်ရောင်မရှိတော့တဲ့
ကိုယ့်ရဲ့ အရွက်တွေကြောင့်လား
အမောပြေရေဆိုလို့လဲ
လုံးဝကိုကုန်ခမ်းသွားပြီလား
ငါ့အတွက်သမုဒ္ဒရာဆိုတာမရှိတော့ဘူး
ငါရဲ့နောက်ဆုံးနေလေးအတွက်ပေါ့
ဒီလို အရာရာမပြည့်စုံတဲ့အချိန်မှာ
ငါအလိုချင်ဆုံးက
အရင်လို နိုက်တင်ဂေးရဲ့သီချင်းသံလေးပါပဲ...




                                                            ကြောင်ရိုင်းလေး

Really

I’m used to stayed in dark
I can’t resist in a black
I’m villain in a world
Every people hate me more
I don’t care cry it or not
I rob thoroughly my job
If I want to change to true
I shell suffer a little through
I can kill a lot of man
I shall be dying due to a hand
So, I happy in devil workshop
Don’t pull me toward the god…....



                                               Lynx

Really

အားနာတဲ့လူကိုချုပ်
စကားအထာနဲ့လူကိုတုတ်ပြီး
မလှုပ်နိုင်အောင်ပဲထားတော့မှာလား
တိမ်ရိပ်ရဲ့အောက်
ငါဆိုတဲ့တစ်ယောက်က
အဖြည့်ခံတော့မဟုတ်ဘူး
အာဃာတထားပြီး
မာနနဲ့ကစားတာငါ့စတိုင်ပဲ
ကောင်းစေချင်တဲ့သဘောနဲ့
စကားတွေရှည်လို့ပြောမိတဲ့
ငါ့ပါးစပ်ကိုအတင်းဆွဲပိတ်ထားပါ့မယ်
တစ်နေ့မင်းသိလာလိမ့်မယ်
တစ်ချိန်ကအပေါလေးက
အပေါမဟုတ်ကြောင်းကိုပေါ့…..။

The cruel smile

ဘ၀ကပျက်
အိပ်မရတဲ့ညကဆက်လို့
ရင်မှာကဟာ
ဒီမှာကမသာယာတော့
ခံစားချက်မရှိ
ခံစားမှုမသိနဲ့
လောကကိုအရှုံးမပေးချင်ဘူး
ရှင်ပြီးတော့သေ
လေပြီးရင်းလေနေတဲ့ငါ
ရှုံးပြီးရင်းရှုံး
ဆုံးဆုံးကိုမြှုပ်ရပြီလေ
မာယာတကွတ်ကို
အသာအယာကျက်လိုက်ပါ့မယ်
ဇာတာမရှိတဲ့ကျွန်တော်
လောကရဲ့ထောင့်
အမှောင်ရိပ်လေးရဲ့အောက်မှာ
မျက်ရည်လေးပေါက်ခနဲကျလို့
အပြုံးတစ်ချက်နဲ့
နာကြည်းမှုတွေကို
သိမ်းဆည်းထားပါ့မယ်……။

The Lost

လောကရဲ့ဇရိုက်
လောဘဆိုတဲ့အမှိုက်ကို
ပုထုဇဉ်ဆိုတဲ့ငမိုက်က
ချမ်းသာခြင်းအမှတ်နဲ့လိုက်
တကယ်တန်းအကြိုက်ကိုမတွေ့ဘူး
စိုက်နေတဲ့စိတ်က
အမှိုက်ဆိုတဲ့အပေါ်မှာ
ဂယက်တွေရိုက်
စမ်းတ၀ါးဝါးနဲ့
အသိတွေမဲ့လို့
လျှပ်အလင်းတစ်ချက်က
အခိုးအငွေ့တွေနဲ့အတူ
အမှုံတွေကြားမှာ
တစစနဲ့….!
ပျောက်ကွယ်လုနီးပြီ……။

နင်မသိတဲ့ငါ့နှလုံးသား

ငါမပြောခဲ့ပါဘူး..........
ရင်ထဲမှာ ဘလောင်ဆူသံ
နင်မကြားနိုင်ပါဘူး.........
ဟန်ဆောင်ကောင်းခဲ့ပါတယ်
နင်မသိနိုင်ခဲ့ပါဘူး..........
အရာရာကိုငါရနိုင်ခဲ့တယ်
ဥပေက္ခာ ပြုလို့မရနိုင်သေးဘူး
နှလုံးသားမှာတွယ်ညိ နေပြီ
အချိန်တိုင်းစိုးရိမ်နေရတဲ့
ငါ့အပူတွေကို
နင်မသိဘူးမဟုတ်လား........
အချိန်ကိုက်နှလုံးခုန်သံကြားမှာ
စည်းချက်မမှန်တဲ့
ကြောင့်ကျစိတ်တွေကြောင့်
ငါလုပ်သမျှတွေ
ဘာမှအရာမထင်တော့ဘူး.....




                                   ကြောင်၇ိုင်းလေး

စည်း

အိပ်မက်တွေ
ဖန်တီးလို့မရအောင်
အဝေးဆုံးကနေရာ
စီးခြားထားတဲ့ကဏ္ဍတွေလေ...........

အပိုင်းခြားလေးတစ်ခုဆိုပေမဲ့
အိပ်မရတဲ့ရက်တွေဆက်နေတာတောင်
ငါ..ကိုယ်ဘက်ကိုကြည့်ဖို့
မေ့နေခဲ့တယ်...........

စဉ်းစားကြည့်တော့
ဘာမှမဟုတ်တဲ့အရာ
ဒါပေမဲ့
ငါ့စိတ်ထဲမှာတော့
အကြီးမားဆုံးလိုချင်တဲ့
ဆန္ဒတစ်ခုဖြစ်နေတယ်.........

မရေရာတဲ့
လမ်းမရဲ့ဘေးမှာ
ငါ..အခုထိ
အပေအတေလေးဖြစ်နေတုန်းပါလား...

သေချာမှုတစ်ခုက
အရာရာအတွကကောင်းနိုင်ပေမဲ့
ငါဆိုတာကလဲ
မဖြစ်နိုင်တာကိုမှ
တက်မက်ခဲ့သူလေ.....

ကြိမ်ကြိမ်ရှုံးခဲ့ပေမဲ့
ရင်မှာအမုန်းတွေတော့မရှိခဲ့ပါဘူး

ရပါတယ်
အားလုံးကငါဖန်တီးခဲ့တာပဲလေ
ငါကျေနပ်ပါတယ်
ဒါပေမဲ့နောင်တဆိုတာအတွက်တော့
Sorry ပါ...
ငါ့ Dictionary ထဲမှာမရှိလို့.....


.....................................ကြောင်ရိုင်းလေး

နွေဦး.........မိုး

ဒီနေ့ရာလေးမှာပေါ့
မင်းနဲ့ငါ
အတူတူအပျော်ဆုံးအချိန်လေးထဲမှာပေါ့
ဒီထိုင်ခုံလေးပေါ်မှာပဲ
မင်းငါ့ကို
ပထမဆုံးအနမ်းပေးခဲ့သူပါ
လျှို့ဝှက်ချက်တွေနဲ့
ဒီနေရာလေးမှာ
မင်းနဲ့ငါမဆုံနိုင်အောင်ပဲ
ချစ်လျှက်နဲ့
ဝေးကွာခဲ့ကြတာလေ
မင်းမှတ်မိသေးလား
ငါ့စိတ်တွေ
အခုချိန်ထိ
မင်းအနားမှာပဲ
မင်းရဲ့နံပတ် 10 ဆိုတာနဲ့
ငါ့နံပတ် 7 တွေကို
ဖလှယ်ရင်းနဲ့
မျက်လုံးချင်း
နေ့တိုင်းစကားပြောနေခဲ့ကြတယ်လေ
နွေဦးမဟုတ်တဲ့
မိုးရာသီမှာပဲ
ငါအလွမ်းမျက်ရည်
မိုးရည်နဲ့အတူရောသွားလို့
မင်းမသိလိုက်တာလား
ငါကြိုက်တဲ့မိုးရာသီထဲမှာ
ငါချစ်တဲ့ကောင်မလေးနဲ့
ဒီလိုအဖြစ်မျိုးတွေထပ်ဖြစ်နေဦးမှာလား
မင်းနဲ့ငါ
အတူတူနမည်ပေးခဲ့ကြတဲ့
White mind and Pink heart
ဆိုတဲ့နေရာလေး
Lolipop ဆိုတဲ့နမည်လေးတွေ
ငါသိမ်းထားလိုက်ပါ့မယ်...


                                             ကြောင်ရိုင်းလေး

အိမ်ပြန်လမ်းမ

အချစ်ဆိုတာဘာလဲ......?
ကံတရားရဲ့နောက်က
ဝှက်ဖဲတစ်ချက်လား.......
အရာရာမှာ
ရွှေ့ဖို့အကွတ်တွေရှိနေတာလား...?
ယုံကြည်မှုတစ်ခုကြောင့်
ယုံစားခဲ့ပေမဲ့
ပုံစံမတူတဲ့
အချစ်ဆိုတဲ့
စကားလုံးကြားမှာ........
ငါဘ၀ က
ဝှက်ဖဲပျောက်ခဲ့သူပါ........
ရှုံးနိမ့်မှုကို
ခါးသီးပေမဲ့
အရှုံးတစ်ခုအပေါ်
ကျေနပ်နိုင်ခဲ့မိတယ်
ငါမရည်ရွယ်ပေမဲ့
အိမ်ပြန်လမ်းမထက်မှာတော့
အရင်လို
ငါတစ်ယောက်တည်းပဲလေ......


                                                ကြောင်ရိုင်းလေး

To do….

We need to get standard roll
We should try to get score
In trying ,we should do
Regular sleep and regular do
You are trying never sleep
You will get disease
You never do your exercises
You are gypsy life
So, we touch the rope of guitar
Slowly and slightly we are
We must go to top of world
We must forget proud of more…

မင်း.....

အတိတ်ဆိုတာကို
မာယာတွေနဲ့တော့
ချော့သိပ်မသွားပါနဲ့
အရာရာကိုဟန်ဆောင်တတ်ခဲ့ပါတယ်
ဒါပေမဲ့
...အချစ်ဧကရီရဲ့ရှေ့မှာတော့
ငါဒူးထောက်နေခဲ့ပြီ
ငါရင်ကို
မင်းရှေ့ခွဲထုတ်ပြနေပေမဲ့
မင်းမမြင်ခဲ့တာလား
အိပ်မက်တွေကို
မေ့ပစ်လိုက်တာလား
မင်းမယုံတဲ့
အိပ်မက်ထဲက
တွင်းနက်တစ်ခုထဲ
ငါအမှောင်တွေထဲမှာ
လမ်းပျောက်နေချိန်
...ပျော်ရွင်မှု
... နားလည်ခြင်းတွေနဲ့
နှစ်သိပ်ပေးခဲ့တဲ့ မင်း.....
အရာရာကို မင်းဖန်တီးခဲ့ပေမဲ့
အောင်မြင်မှုမရှိတဲ့ကျွန်တော်

ကျွန်တော် စကားတွေကို
ဒီကဗျာလေးသက်သေထားပြီး
ကျွန်တော် ပြောပြလိုက်မယ်........

စောက်ဆင့်မရှ်တဲ့........

နင်ငါ့အသည်းကို
လွဲလွလြေးခါခြဲါတယ်
ငါဆိုတာက စောက်ပေါလား
အေ..... ငါစောပေါ
နင်လိုလူတွေတွက်ငါ့အသက်မရျင်ဘူး
ငါစောက်ရ်းချစ်ခဲ့ပါတယ်
အေ...ငါဝန်ခံတယ်
အေ...ငါမူးနေတယ်
ဟုတ်တယ်...ငါမူးနေတယ်
ဒါပေမဲ့ နင့်ကြောင့်
ငါမလုပ်ခဲ့ဖူးတာတွေ
ငါလုပ်ခဲ့တယ်
ဟုတ်တယ်
ငါရည်းစားများတယ်
ဒါပေမဲ့
ဘယ်လူမှတကယ်မချစ်ခဲ့ဘူး
အေ...
ငါလပ်ထပ်ဖို့ရည်ရွယ်ထားတာ
နင်တစ်ယောက်တည်းပဲ
နင်လို အပေါစားအချစ်တေါနဲ့
နင်လင်တွေလိုငါမဟုတ်ဘူး
နင်လင်လိုငါ နင်ကို
စောက်ဂရုမစိုက်နိုင်ဘူး
ထားလိုက်ပါ
စောက်ရေးမပါတဲ့နင်လိုလူကို
စောက်ဂရုမစိုက်ပေမဲ့
ငါလိုအပြစ်မရှိတဲ့လူကို
နင်ရက်ရက်စက်စက်ခွဲသွားတယ်နော်
အေ............
နင်ခင်းသွားတဲ့ဇာတ်လမ်းက
စောက်ရမ်းကလေးဆန်လွန်းတယ်
ဟဟ..... နင်လိုလူလား
အေ... ငါသူငယ်ချင်းဖြစ်နေလို့ပေါ့
အများကြီးခွင့်လွှတ်လိုက်မယ်
ဒါပေမဲ့...
စောက်ဂရုလုံးဝမစိုက်ဘူး
စောက်ရေးမပါတဲ့နင်
စောက်ရူးလုပ်ခဲ့တဲ့ငါ
စောက်ဂရုမစိုက်ဘူး
နင်ဘယ်ခွေးနဲ့တွဲတွဲပေါ့
နင်လိုလူလဲ
ငါ့ဘ၀မှာမတွေ့ခဲ့ဘူးလို့ထားလိုက်ပါ
စောင့်ဆင့်မရှိတဲ့နင်
ငါနဲ့နဲ့မတန်ဘူးလို့ပဲထားပါ
နင်လိုးချင်တဲ့နင့်ဘဲက
စောက်ဆင့်မြင့်နေတယ်ပေါ့
ဖြစ်တယ်
အားလုံးက အဆုံးသတ်သွားပြီ



                                                    ကြောင်ရိုင်းလေး....

သူငယ်ချင်း....

ဟုတ်ပါတယ် ...
အရာရာအတွက်ပေါ့
ခံစားချက်တွေကိုလွင့်ပစ်လိုက်ရမလား
..........................................
ဟုတ်ပါတယ်
သေချာမှုအတွက်ပေါ့
မသေချာတဲ့လမ်းမပေါ်
ဘယ်သူကလျှောက်ချင်မှာလဲ
............................................
စကားတစ်ခွန်းရဲ့
ထိုးနှက်ချက်တွေကြောင့်
ဆန္ဒမဲ့စကားတစ်ခွန်းပြောလိုက်မယ်
ငါတို့ကသူငယ်ချင်းတွေပဲ.................







                                            ကြောင်ရိုင်းလေး

Matal...

ကြည်နူးစရာသီချင်း
အိပ်ရာဝင်တေးသွားတွေက
ငါ့အတွက်မှမဟုတ်ပဲ....
ခံစားချက်မဲ့တဲ့
Matal ဆိုတဲံဂီတမှာ
ငါပေါက်ကွဲထွက်လိုက်မယ်
သံစဉ်ချိုတွေက
ငါ့အတွက်ခါးနေပြီ
သာယာမှုဆိုတာ
ကလဲ့စား
ပျော်ရွှင်မှုဆိုတာ
အနိုင်ပွဲတစ်ခု
ငါ့ကိုအိပ်ပျော်စေတဲ့
Matal လောကမှာ
ငါသီချင်းတွေကို
ကျယ်ကျယ်လေးဆိုပြီး
ငါအိပ်ပျော်နိုင်မယ်
အာခေါင်သံခြစ်ပြီး
နာကျင်မှုတွေကို
အော်ဟစ်ထုတ်နိုင်မယ့်
ငါ့ MaTal ကမဆုံးသေးပါဘူး...။


                                                ကြောင်ရိုင်းလေး

အကွတ်

အပြုံးတစ်ချက်ကြောင့်လား.....
နေစမ်းပါ...
ငါအတွက်ကမင်းမဟုတ်ဘူး
မင်းအတွက်ငါတဲ့...
ငါလိုကောင်က အဖြည့်ခံလား....
မင်းလုပ်နေတာတွေအတွက်
ငါဘယ်လိုပြုံးပြရမလဲ
ထားလိုက်ပါ ....
လိမ်ညာနေတာတွေ
မသိဘူးချင်ယောင်ဆောင်ခဲ့မယ်.....
အားလုံးအတွက်နင်ပေးခဲ့ပြီပဲ...
ငါအလှည့်ရောက်ရင်
ငါ့ Chess အကွပ်ကို
လှလှလေးရွှေ့ပြမယ်...............



                                           ကြောင်ရိုင်းလေး

နတ်သမီးအတွက်..

လောကကြီးက
တရားမျှတပါတယ်
မထိုက်တဲ့ပန်းကို
လွမ်းသက်ရင့်လို့
ငါ့အိပ်မက်တွေထဲမှာ
ငါ့ရဲ့နတ်သမီးဖြစ်နေခဲ့တယ်
အိပ်မပျော်တဲ့ည
မရှိတော့ပါဘူး
အတင်းကျိတ်လို့
အိပ်ပစ်လိုက်မယ်
အိပ်မက်ထဲက
နတ်သမီးလေးအတွက်ပေါ့...
..................
.................
.................ကြောင်ရိုင်းလေး

အေ...ဟုတ်တယ်

ဟုတ်တယ်
ငါမချစ်ခဲ့ဘူးပဲထားပါတော့ ....
ငါပြတ်သားနိုင်တယ်လို့ပဲပြောလိုက်ပါတော့....
ဆုံးဖြတ်ချက်ချပြီးရင်
မပြင်တတ်သူတစ်ယောက်မို့
ငါဘယ်လောက်ချစ်တာ
မင်းမသိချင်နေပါ
ဒါပေမဲ့....ငါ.......
နင်မပျော်နိုင်တဲ့
ငါ့နှလုံးသားမှာ
နင့်ပုံရိပ်တွေထားခဲ့မယ်
ဒါပေမဲ့
ငါ့အရင်လိုတော့
မင်းဘေးမှာ
မနေနိုင်တော့ဘူး.......................



                                          ကြောင်ရိုင်းလေး

သူငယ်ချင်း

သူငယ်ချင်း….
ငါမင်းတို့အားလုံးကိုခင်တယ်ဆိုတာ
ဆန္ဒကြောင့်မဟုတ်ဘူး
နှလုံးသားကြောင့်.........................

လူတစ်ယောက်ကို ချစ်တတ်
ခင်တတ်ပါတယ်
ဒါပေမဲ့ အရာရာကိုလျှိုက်ဝှက်ထားခဲ့သူ

ငါမှားခဲ့ပါတယ်
ပြန်မပြင်နိုင်တဲ့သူ

ခံစားချက်မဲ့ အရှုံးတွေနဲ့
အခတ်အခဲကိုမေ့ချင်ခဲ့သူ

ညတစ်ညရဲ့အလှ
ငါ့အတွက်ကြယ်တွေမဟုတ်ဘူး
အတူတူပျော်ဖူးတဲ့
သူငယ်ချင်းတွေ

သူတို့ငါ့အကြောင်းတွေ
ဘာမကောင်းပြောပြော
အရာရာကိုပေးနိုင်ခဲ့သူ

ငါ့ဆီကပေးနိုင်တာ
အကုန်ယူသွားပါ
ငါ့နှလုံးသားရော
အဆစ်ပေးခဲ့လိုက်မဲ့သူ

စိတ်တစ်ခုရဲ့လှိုင်းသံတွေ
ငါကြောက်ရွန့်ခဲ့သူ

ဘ၀ဟာလဲ လှိုင်းတွေနဲ့
အတိုက်ခတ်ခံခဲ့ရသူ

အာနည်းချက်အချို့က
မင်းတို့နင်းနေကြပဲလေ.......
နှတ်ဆိတ်စွာနဲ့
အရှုံးပေးပြီ
ငါထွက်သွားလိုက်ပါ့မယ်

ငါ့မျက်ရည်တွေက
ကြောက်စိတ်ကြောင့်မဟုတ်ဘူး

ဒါပေမဲ့
ငါ့နှလုံးသားတစ ပဲ့ကြွေသွားခဲ့လို့
ငါမျှော်လင့်သလို
ရလဒ်တွေ
ငါမဖန်ဆင်းနိုင်ပါဘူး

ဟုတ်တယ်…. ငါအခြောက်တိုက်မာနကြီးတတ်သူ
အတ္တတွေနဲ့ ခြေလွင့်ခဲ့ရသူ
အောင်မြင်မှုမရှိခဲ့လို
အနိုင်လိုချင်ခဲ့သူ

သူငယ်ချင်းအပေါ်
မမုန်းနိုင်ခဲ့သူ

ငါထင်တဲ့ ငါ့အမှန်တရား
ငါမဆင်ချင်နိုင်တဲ့
ငါအတ္တတွေ
ငါမမေ့နိုင်လို့ Sorry ပါ

မပြင်နိုင်တဲ့ခံစားချက်ကြောင့်
အကျင့်မကောင်းသူလို့ပဲ
ရုတ်မာသူလို့ပဲ
မာနကြီးတတ်သူလို့ပဲ
အနိုင်လိုချင်သူလို့ပဲ
တိမ်တွေလိုငါ
လွင့်မျှောသွားပြီ
ငါထွက်ခွါသွားခဲ့ပြီလို့ပဲ
သတ်မှတ်လိုက်ပါ

ငါလိုသူငယ်ချင်းက
မင်းတို့အတွက်မကောင်းလို့ပဲလေ…….
ငါအရာရာကိုပေးဆပ်နိုင်မှတော့
ပေးဆပ်လိုက်ပြီ………
Never see again




                                   ကြောင်ရိုင်းလေး

ပြောင်းလဲခြင်း....

စိန်ခေါ်သံတွေ
ဆာလောင်နေတဲ့တိုက်ပွဲတွေ
နာကျင်ခဲ့တဲ့ဝေဒနာ
ပျက်စီးသွားတဲ့အိပ်မက်
စောက်သုံးမကျတဲ့ကံကြမ္မာ
အားလုံး ငါ့အတွက်
ငါဖန်တီးခဲ့တယ်
အိပ်မရတဲ့ည
စောက်သုံးမကျတဲ့ငါက
ဘာမှမသိဘူး
မီးဆိုတာကိုပဲ
သာယာတယ်
အဖြူဆိုတာကိုပဲ
ငါကြိုက်တယ်တဲ့
ဒါပေမဲ့
အိပ်မက်ဆိုးက
နိုးလာခဲ့ပြီ
ပြောင်းလဲခြင်းတွေ
စောက်ဂရုမစိုက်တဲ့ငါ
အချု့အရာတွေပြောင်းလဲခဲ့ပြီ.....



                                                    ကြောင်ရိုင်းလေး

အကောင်းဆုံး...

မာနတွေ
အပြန်အလှန်ထားခဲ့ကြတယ်
အတ္တတွေ
အပြန်အလှန်ကြီးခဲ့ကြတယ်
တကယ်တော့
အနိုင်ယူဖို့မဆုံးဖြတ်ထားတဲ့ငါ
နင်ငါ့ကိုမုန်းတယ်တဲ့လား
ဟုတ်ပါတယ်.....
ငါတို့က ဘာမှမဆိုင်တဲ့လူတွေလေ
ငါ့ရဲ့
အပျော်ကစားကွတ်ထဲမှာ
ခုတုံးဖြစ်သွားတဲ့နင်
နာကျင်အောင်ဆက်တိုက်လုပ်ပြီးတော့မှ
ငါချစ်သွားမိတာကို
ခွင့်လွှတ်ပေးပါ
ငါကိုက Demon တစ်ယောက်ပဲလေ
အချစ်ရေးမှကံမကောင်းတဲ့ငါ
အချစ်မရှိတဲ့ငါ့စိတ်ထဲမှာ
နင်ဝင်လာတော့
နင်ထွက်သွားခဲ့တာပဲကောင်းပါတယ်လေ.....




                                                      ကြောင်ရိုင်းလေး

ငါ့အမှားပါ..

အခိုက်အတန့်လို့ရည်ရွယ်ပြီး
ငါစမ်းချစ်ခဲ့တယ်
တစ်ချိန်... သူနဲ့ဝေးသွားရင်လဲ
ငါ့နှလုံးသားထဲမှာ
ဘာမှမကျန်လောက်ပဘူးလို့
ငါသူ့ကိုမချစ်ပဲနဲ့
အခိုက်အတန့်လောက်ချစ်မိခဲ့တယ်
ဒါပေမဲ့.... တကယ်ကိုမရှိတော့ပါဘူး
ငါ့နှလုံးသားလေးပါပေါ့
သူဆီကိုပါသွားပြီ
သူ့ပုံရိပ်တွေ
သူ့ကျင်နာမှုတွေ
သူမရှိတော့မှ
ငါလွမ်းနေတာ
ဘာထူးမှာမို့လို့လဲ
ပစ်မှတ်မဟုတ်တဲ့နင့်ကို
အခုတော့...
ငါလွမ်းနေခဲ့မိတယ်....သူငယ်ချင်း....




                                                              ကြောင်ရိုင်းလေး

ငါ့မသိခြင်းများ...

အမှားတွေဆက်တိုက်
အရှုံးများပွေ့ပိုက်ပြီး
ငါထွက်ခွါသင့်ပြီ
မိုးစက်တွေကြား
ထီးမဆောင်းတဲ့ငါ
ဒီအတိုင်းလေးပဲ
အရိပ်တွေအောက်မှာ
ခေါင်းခုံ့လို့
လျှောက်သွားလိုက်ပါ့မယ်
အရောင်တွေပျောက်
အတောက်မရှိတဲ့ ငှက်တစ်ကောင်ပေါ့
သွေးပျက်လောက်တဲ့တိုက်စစ်တွေ
ကြောင့်ရွန့်ခြင်းကိုမသိတဲ့ငါ
သွားမြဲတိုင်းလေးပဲ....



                                      ကြောင်ရိုင်းလေး

Challenge ...

Cracking the all bloody-hell

Very strong and cool well

sound will be nice in my head

Blood will dis-press

I can suffer echo

Kill me and tie and hold

Cruelly color paint me more

I'm ruddy and cruelly more

and the challenges in my life

I dis-press all of sight

come to my....

Fight to my.....

 And suffer my......





                                       Lynx ( night sliver )

Odour ....

အစိမ်းရောင်
မီးရောင်ထောင့်က... ကျွန်တော် ....
တစ်ချိန်..ကောင်မလေးတစ်ယောက်
သူ့ရဲ့သင်းရနံတွေ
ကန်ရေရဲ့ဘေးမှာပေါ့
ငါတစ်ဝကြီးနမ်းရှိုက်ခဲ့တယ်
ငါရိုးသွားပြီလား......?

သူ့ရဲ့ကိုယ်သင်းရနံလေးက
ဘယ်ကောင်မလေးနဲ့မှမတူဘူး
ယောက်ျားလေးသုံးတဲ့ Denin
ငါနမ်းလိုက်တိုင်းမှာပဲ
ရိုင်းစိုင်းတဲ့အသိနဲ့
သူ့ရနံတွေ
တ၀ကြီးခိုးယူခဲ့တယ်....
ငါသူကိုမေ့နိုင်ပြီလား.......?

အခုချိန်မှာတော့.........

  1. မရိုးနိုင်တဲ့သူ့ရဲ့ရနံ့လေးရလိုက်တိုင်း
  2. မိုးရာသီကိုလွမ်းလိုက်တိုင်း

ငါသူ့ကိုမရိုးနိုင်တဲ့အပြင်
ငါမေ့လည်းမသွားခဲ့ဘူး

ငါ့ကိုခေါ်ခဲ့တယ်....
ကြောင်လေးတဲ့
ကြောင်လေးလိုနူးညံပါတယ်တဲ့
ကြောင်လေးလိုချစ်စရာကောင်းတယ်တဲ့
ကြောင်လေးကိုချစ်တယ်....တဲ့
အခု...ငါကြောင်ရိုင်းလေးပါပဲ..............!


                                                                     ကြောင်ရိုင်းလေး

နွေဦးထဲက…

အကောင်းဆုံးအရာတွေ
မင်းအတွက်ပေးချင်တယ်
အတောက်ပဆုံးကြယ်တွေလဲ
မင်းအတွက်ခူးဆွတ်ပေးချင်တယ်
ငါရဲ့ဘဝ
ငါ့ရဲ့ဂီတ
ငါ့ရဲ့ကဗျာတွေ
အားလုံးဟာ
မင်းတစ်ယောက်အတွက်ပါပဲ
နာရီသံတွေလဲ
တချက်ချက်နဲ့သွားနေတယ်
အနူးညံဆုံးကဗျာတွေ
မင်းရှေ့မှာဆိုပြချင်တယ်
ငါ့အိပ်မက် ထဲမှာမင်း
လက်တွဲမဖြုတ်လိုပဲ
ငါဖြုတ်ချလိုက်မိတာလား
ငါချစ်တာ…
မင်းတစ်ယောက်တည်းပါ
ငါ့ဘ၀ရဲ့ အရာရာဟာမင်းလေးပါပဲ
ငါရှင်သန်နေပါတယ်
မင်းလိုအပ်တိုင်းမှာ
ငါရှိနေအောင်လို့ပေါ့………



                                   Lynx

ပြောင်းလဲချိန်..

ငါ့အသက်
တစ်ချက်ရှိုက်လိုက်တိုင်းမှာ....
ငါ့ နှလုံးသား
ငါ့အသွေးအသားတွေ
တစစ်စစ်နာကျင်သွားအောင်
ဒါတွေက....
ထိုးနှက်ချက်တွေကြောင်လား...
ငါရိုးသားခဲ့ပါတယ်
အားလုံးအပေါ်
ဒါပေမဲ့
ရိုးသားမှုကို
အရှုံးလို့ ဖွင့်ဆိုသူတွေရှေ့မှာ
ငါမရိုးသားချင်တော့ဘူး....




                                               ကြောင်လေး

ငါ့သာယာမှု....

ခံစားချက် မရှိတာမဟုတ်ဘူး
စကားနက်တွေနဲ့
အသည်းခိုက်အောင်နာကျင်ခဲ့တဲ့
ဒီဇာတ်လမ်းမျိုးတွေ
ငါအကြိမ်ကြိမ်ကြုံခဲ့ပြီးပြီ
နာကျင်စရာတွေကို
ရယ်သံမပြုတတ်ပေမဲ့
ကံကြမ္မာဆိုတာတွေငါမလိုချင်ဘူး
ဒဏ်ရာမပါတဲ့နှလုံးသားဆိုတာ
မင်းပြောသလိုမရှိဘူး
ဟုတ်တယ်... တကယ်မရှိဘူး
ဒါပေမဲ့ ဒီဒဏ်ရာတွေဖန်ဆင်ပေးမဲ့
ငါဟာမင်းအတွက်
ငါဓါးတစ်စဉ်းမဟုတ်ဘူး..
ငါလိုချင်တာ သာယာမှု
ဒါပေမဲ့ ငါ့အတွက်မဟုတ်ဘူး
လူတိုင်းသာယာနိုင်မှ
ငါကျေနပ်နိုင်တဲ့လူစားမျိုးလေ
ဘာလို့လဲဆိုတော့
အနိုင်လိုချင်သူတစ်ယောက်အတွက်
အရှုံးတွေဆက်တိုက်ပေးခဲ့လိမ့်မယ်
ဒါပေမဲ့
ငါကရှုံးနေတဲ့လူတစ်ယောက်အတွက်
အရှုံးတွေကိုထပ်မပေးချင်ဘူး..
မှတ်ထားလိုက်ပါ ငါ့နမည်ကိုငါပြင်လိုက်ပြီ
Demon-blood & angel-heart
ငါမမြင်အောင်ဟန်ဆောင်နိုင်တယ်
ဖုံးကွယ်ထားနိုင်တယ်
မဖြစ်နိုင်တာ တစ်ခုကိုလုပ်ဖို့ထက်
ဖြစ်နိုင်တာ အခုတစ်ရာကိုပဲငါလုပ်လိုက်မယ်....

အားလုံးကောင်းဖို့အတွက် တစ်ခုကြောင့်....




                                                              ကြောင်ရိုင်းလေး...

စိန်ခေါ်သံ

စိန်ခေါ်မှုမရှိတဲ့ကမ္ဘာသစ်တစ်ခု
အပူအပင်ကင်းစွားနဲ့
ပျင်းချောက်ချောက်ကဗျာတွေ
ငါ့ပါးစပ်က အခါခါရွတ်နေနိုင်တယ်
ဒါပေမဲ့..... ငါ့နားထဲက စိန်ခေါ်သံဟောင်းတွေကို
ယူဆောင်သွားလှည့်ပါ...
ငါ့နားထဲကို တစစနဲ့စီးဝင်လာတဲ့
စိန်ခေါ်သံတွေကို
ငါကိုယ်တိုင်တိုက်ထုတ်ပစ်လိုက်ချင်တယ်
ငါလိုချင်တာ ငြိမ်းချမ်းမှုသက်သက်လေးပါ.....




                                                             ကြောင်ရိုင်းလေး

Demonkitty

ငါရိုင်တတ်လိုက်မယ်
ငါရိုင်ချင်တယ် .
ရိုင်းစိုင်းတဲ့ကံကြမ္မာတွေ
ငါ့အတွက်တော့
ရိုင်းစိုက်းခြင်းအသိနဲ့
ငါဘာမှဂရုမစိုက်ချင်တော့ဘူး.....
ငါ့အတွက် မတားဆီးလိုက်နဲ့...
ငါအတွက် မကောင်းကြနဲ့တော့
ငါမကောင်းနိုင်တော့ဘူး.....
မျှော်လင့်ချက်တွေပျက်သွားပြီ...
ရည်ရွယ်ချက်တွေလဲ ပျော်ဝင်သွားပြီ..
အိပ်မက်တွေ ငါကိုယ်တိုင်ရိုက်ခိုးလိုက်ပြီ
ရိုးသားခြင်းကို ငတုံးလို့အဓိပ္ပာယ်ဖွင့်သူတွေ.....
စာနာတတ်ခြင်းကို အသိဥာဏ်မဲ့သူလို့ ဆိုခဲ့သူတွေ....
အထာတွေနဲ့
မင်းတို့လိုသဘာတွေကြားမှာ ..
ငါဆရာမဟုတ်ခဲ့ပေမဲ့...
ဒါငါအတွက်တော့
အကောင်းဆုံး ဆေးတခွက်ပဲ

Genius တွေပါ.... စောက်ရမ်းကိုတော်ကြပါတယ်....


အဟတ်............................................


                                                                  Demonkitty

မာန်...

ငါ့အသည်းကို အကြိမ်ကြိမ်ခွဲ
စကားလုံးတွေ
အကာအရံမဲ့ခဲ့တဲ့နေ့တွေ
နောက်တစ်နေ့မနက်မှာ
ငါ ... လူသစ်တစ်ယောက်ပဲ
အထာတွေကိုင်ပြီ
ဆရာတွေနဲ့
ဒီလောကထဲမှာ
ငါရှိနေခဲ့တယ်
ငါအရောင်တွေပျောက်
ဒီရင်မှာ တောက်ခေါက်သံတွေနဲ့
လောင်မြိုက်ထားခဲ့တယ်
ကျောက်ထက်က အက္ခရာလို
သိမ်ထားဆဲပဲ....
အစွယ်တွေထုတ်ပြီး
မာန်တွေပြိုင်နေချိန်မှာ
ငါဘက်က
ငြိမ်နေလိုက်မယ်
အင်အားတွေမဲ့နေတာမဟုတ်ဘူး
ကြောက်စိတ်ဆိုတာလဲမရှိဘူး
ငါစိတ်ထဲမှာဘာမှလဲမဆင်ထားဘူး
ဒါပေမဲ့...
မင်းအစွယ်ကုန်သွားရင်တော့....
ငါ....
ရက်စက်ပြလိုက်မယ်..


                                  ကြောင်ရိုင်းလေး

အရောင်မဲ့နှလုံးသားထဲက ကွဲရှရှ အမည်မဲ့ကဗျာ

အချိန်တိုင်း ........
ငါရဲ့ လွမ်းရက်တွေထဲမှာပေါ့.....

ငါချစ်တဲ့မင်း........
ငါလွမ်းတဲ့မင်းကို ....
ငါ့ရဲ့အကောင်းဆိုအရာတွေနဲ့.....
ငါမင်းကို တစစနဲ့ တသသ ပုံဖော်စေချင်တာပါ....

တတ်မက်ခြင်း.........
ဟုတ်တယ် ငါတတ်မက်နေမိတယ်
ညအချိန်တစ်ခုအတွက်.....

ဒီအချိန်ရောက်လာရင်...
ငါ့ရဲ့အလွမ်းတွေအတွက်

အသံချိုချိုလေး........
ငါ့ရဲ့နေ့ရက်တွေက....
အတောင်းတဆုံးအရာလေး....
ဒီဖုန်းလေးက........
ငါကိုပျော်ရွှင်မှုတွေပေးနေတယ်.....

ဘာလို့လဲ......
အနူးညံဆုံး
လေလှိုင်းသံထဲကတစ်ဆင့်
အသိမ်မွေ့ဆုံးအသံတစ်ချက်က
ဟဲလိုတဲ့............

ဘာမဟုတ်တဲ့ စကားတွေငါပြောနေမိတယ်
ဒါပေမဲ့...
ဒီအချိန်တွေက
ငါ့အတွက် အဓိပ္ပာယ်တွေဖွင်ဆိုနေတယ်

လွဲမှားမှုတစ်ခုဖြစ်လိုက်တိုင်း
ငါမှားခဲ့တာလား
ငါ့ကိုသံသယကမ္ဘာထဲမှာ မွေးဖွားစေခဲ့တာလား
သူပြောတဲ့နောက်ဆုံးစကားက
Duty is Duty တဲ့...........
.......

ဘာပြောရမလဲ
ဘာလုပ်ရမလဲ
ခံစားချက်တွေ....
ငါလွမ်းခဲ့တာတွေကြောင့်....
ငါ.......
ဘာသာမဲ့စကားတွေကိုရွတ်ဆိုနေမိပြီ...

ကာရံမဲ့တဲ့ကဗျာတွေကို
အသိဥာဏ်မဲ့စွာ
ချရေးနေမိတယ်....

ငါရဲ့ အလွမ်းတွေ
လျှံကျသွားတာကြောင့်
တောင်းပန်မိနေတယ်ကောင်မလေး
အရောင်မဲ့တဲ့ ဒီနှလုံးသားထဲကပေါ့...


                                                  ကြောင်ရိုင်းလေး

17 January 2012

အမှောင်ထဲက ကာယံ

ကဗျာတွေကအဖော်

သီချင်းတွေက ဘဝ

ကာယံတွေပျောက်တဲ့ညမှာ အာရုံတွေထွေးပြားနေဆဲ

အရိပ်တစ်ခုရဲ့ခေါ်သံက

နီးကပ်လာခဲ့သလို

မိုးကြိုးပစ်သံတွေက

ငါ့နားတွေထဲမှာ

သာယာနေခဲ့တယ်

အမြင်တွေပျောက်ကွယ်

အနံတွေ မရှိဘူး

အသံတွေလဲ အတိတ်မှာ ကျန်နေခဲ့ပြီလား

ငါ့ဘ၀တွေပျောက်သွားတာလား

လမ်းတွေမှောက်သွားတာလား

မုန်းတိုင်းတစ်ခုဝင်လာခဲ့ရင်

ကာကွယ်ချင်ပေမဲ့

အင်အားတွေမရှိတော့ဘူး

ငါအရှုံးမပေးချင်ပေမဲ့

အမုန်းဒဏ်တွေကို

ခံနိုင်အောင်ကျင့်ထားလိုက်ပါ့မယ်....


.......................................ကြောင်ရိုင်းလေး

Dota lover

အချစ်က ဘ၀မဟုတ်ဘူး
အချစ်မရှိလို့
ငါနှလုံးသားတွေ
ကြမ်းသွားတာပဲရှိမယ်
ဘ၀တော့ ကြမ်းမသွားဘူး
ငါမင်းအတွက်
တစ်ခါပဲရူးမယ်
နောက်တစ်ခါရူးဖို့
မကြိုးစားတော့ဘူး
ငါ့ကို မင်း Talky တွေနဲ့ လာမချုပ်နဲ့
မင်းချုပ်လို့ရတဲ့ cool down က
ငါ့ကို မသေစေနိုင်တော့ဘူး
မင်း level တွေမြင့်အောင်ကျင့်လိုက်ပါဦး
ဒါပေမဲ့ ငါကိုနိုင်ဖို့တော့မမျှော်လင့်နဲ့
loving skill တော့ပြည့်ပါတယ်
ဒါပေမဲ့ blanking ဖြစ်နေတဲ့
ငါ့နှလုံးသားက
အရောင်မရှိတော့ဘူး............

                                               ကြောင်ရိုင်းလေး

16 January 2012

ငါ့သာယာမှု....

ခံစားချက် မရှိတာမဟုတ်ဘူး
စကားနက်တွေနဲ့
အသည်းခိုက်အောင်နာကျင်ခဲ့တဲ့
ဒီဇာတ်လမ်းမျိုးတွေ
ငါအကြိမ်ကြိမ်ကြုံခဲ့ပြီးပြီ
နာကျင်စရာတွေကို
ရယ်သံမပြုတတ်ပေမဲ့
ကံကြမ္မာဆိုတာတွေငါမလိုချင်ဘူး
ဒဏ်ရာမပါတဲ့နှလုံးသားဆိုတာ
မင်းပြောသလိုမရှိဘူး
ဟုတ်တယ်... တကယ်မရှိဘူး
ဒါပေမဲ့ ဒီဒဏ်ရာတွေဖန်ဆင်ပေးမဲ့
ငါဟာမင်းအတွက်
ငါဓါးတစ်စဉ်းမဟုတ်ဘူး..
ငါလိုချင်တာ သာယာမှု
ဒါပေမဲ့ ငါ့အတွက်မဟုတ်ဘူး
လူတိုင်းသာယာနိုင်မှ
ငါကျေနပ်နိုင်တဲ့လူစားမျိုးလေ
ဘာလို့လဲဆိုတော့
အနိုင်လိုချင်သူတစ်ယောက်အတွက်
အရှုံးတွေဆက်တိုက်ပေးခဲ့လိမ့်မယ်
ဒါပေမဲ့
ငါကရှုံးနေတဲ့လူတစ်ယောက်အတွက်
အရှုံးတွေကိုထပ်မပေးချင်ဘူး..
မှတ်ထားလိုက်ပါ ငါ့နမည်ကိုငါပြင်လိုက်ပြီ
Demon-blood & angel-heart
ငါမမြင်အောင်ဟန်ဆောင်နိုင်တယ်
ဖုံးကွယ်ထားနိုင်တယ်
မဖြစ်နိုင်တာ တစ်ခုကိုလုပ်ဖို့ထက်
ဖြစ်နိုင်တာ အခုတစ်ရာကိုပဲငါလုပ်လိုက်မယ်....

အားလုံးကောင်းဖို့အတွက် တစ်ခုကြောင့်....




                                                              ကြောင်ရိုင်းလေး...