Search Engine

POST LIST

10 February 2012

My university Logo


အချစ်

ပေးဆပ်မှုတွေရှိခဲ့လိမ့်မယ်
ရယူမှုတွေရှိခဲ့လိမ့်မယ်
အချစ်မှာ အကွတ်မရှိဘူး
ရှုံးတယ်လို့ပြောခဲ့ကြပါတယ်
ဒါပေမဲ့ တကယ်တော့အရှုံးဆိုတာမရှိခဲ့ပါဘူး
ဖန်တီးသူလဲမရှိခဲ့ဘူး
ငါကိုတိုင်လဲရှုံးခဲ့ဖူးတယ်လို့ပြောလို့ရပါတယ်
ဒါပေမဲ့ ……..
ဒီအရှုံးရဲ့အပေါ် ငါကျေနပ်နိုင်ခဲ့တယ်
အရာရာက အချစ်တစ်ခုအတွက်ပေါ့…..


                                                 Lynx
     ပျော်ရွှင်မှုနဲ့အဆုံးသတ်တာ ဇာတ်လမ်းလေးတစ်
     ပုဒ်ပါ……. အချစ်စစ်ဆိုတာမဖြောင့်တန်းနိုင်တဲ့
     ဘ၀တစ်ခုကို ဖြတ်ကျော်ရမြဲပါပဲ….။
     အကွပ်တွေနဲ့ရွှေ့ရတာ Chess တစ်ခုပါ…..။
     အကွပ်မရှိတဲ့အချစ်ထဲမှာ ဟန်ဆောင်မှုကင်းနိုင်
     ကြပါစေ……………



အကွေ့တစ်ခုက မဆုံမှတ်များ


ဘ၀မှာကြမ်းတမ်းခဲ့လိမ့်မယ်
ဒါပေမဲ့ ပျော်ရွှင်မှုကိုဖန်တီးခဲ့တာ အချစ်
ဝမ်းနည်းမှုကိုဖန်းတီးခဲ့တာ အချစ်
စိုးရိမ်မှုတွေဖြစ်စေလာခဲ့တာ အချစ်







ငိုကြွေးမှုတွေဖြစ်စေခဲ့တာ အချစ်
သာယာမှုကိုဖန်းဆင်းနိုင်တာ အချစ်တဲ့
ဒါပေမဲ့……
ငါ့အတွက်တော့….
မင်းနဲ့ထိုင်ခဲ့တဲ့ခုံတန်းလေးတွေ
အတူသွားခဲ့တဲ့နေရာလေးတွေ
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နောက်ပြောင်မှုတွေ
ပျော်စရာအချိန်လေးတွေပါ….
သာယာမှုတစ်ခုတော့မဖြစ်စေနိုင်တော့ဘူးတဲ့လေ….

Own Design







04 February 2012

Saturday Demon


နှလုံးသားဆိုတာ ဘာအတွက်လဲ ခံစားဖို့အတွက်လား... ငါမခံစားချင်ဘူး.. ခံစားရခတ်တဲ့ဝေဒနာတွေ အကြိမ်ကြိမ် ခံစားလို့အပြီးမှာ ငါ့ဘ၀ကို Demon တစ်ယောက်လိုပဲရပ်တည်နေနိုင်တော့မယ်.. ငါမှားလား... ငါအတွက်တော့ ငါမမှားဘူး... ငါခံယူချက်တွေကို မထိခိုက်ပါနဲ့ ငါ့ခံစားချက်တွေကို မဖြေသိမ့်ကြပါနဲ့ တောင်းပန်ပါတယ်..

03 February 2012

မေမေကပြောတယ်..... ငယ်ငယ်က စာမရရင် အခန်းထဲသော့ပိတ် လှောင်ထားပေမဲ့ ကြောက်ပါပြီတစ်ချက်မအော်ခဲ့ဘူးတ
ဲ့..... ဒီလိုစိတ်တွေ ဘာကြောင့်ဖြစ်လာတာလဲ....... ပြီးတော့ မေမေက နာကျည်းလောက်အောင်ခံစားခဲ့ပေမဲ့ အပြုံးမပျက်ဘူးတဲ့ ဒါတွေကရော... မေမေက နင့်အဖေသေသွားတာတောင် နင်ဘာလို့မငိုတာလဲတဲ့..... အမေရယ်သား ငိုချင်တာပေါ့ သူများတွေလိုပဲ ကြောက်တတ်ချင်တာပေါ့နာကျည်မှုတွေကို ခံစားချင်တာပေါ့ ဒါပေမဲ့ သားလက်ထဲမှာ အရှုံးမပေးတဲ့စိတ် မဖြစ်နိုင်တာကိုလိုချင်တဲ့စိတ် ခတ်ခဲတာကိုရလိုစိတ်တွေပဲရှိတယ် မာန၊ ဒေါသ၊ လျှို့ဝှက်ချင်း၊ ခံစားချက်တွေကို မပြင်နိုင်ခဲ့ပါဘူး ဘယ်သူမှ ဒါပေမဲ့ မသိကြဘူး ငါကိုယ်ငါသိနေတယ်လေ...... အချစ်ဆိုတာရျိခဲ့ပါတယ် ဒါပေမဲ့ မထားချင်တော့ဘူး ကံဆိုတာ ကိုယ်တိုင်လုပ်တဲ့အလုပ်ပါ ဒါပေမဲံ အားလုံးကိုမပြင်နိုင်ဘူး အားလုံးအတွက်ဆော်ရီးပါ.......
ဒီလိုပါပဲ ...သူနဲ့ငါစတွေ့တဲ့နေ့လေးတစ်နေ့မှာ ငါရင်တွေခုတိုင်ခုန်နေတုန်းပဲ.. အိပ်မက်တွေထဲမှာလဲသူပဲ... ငါဘယ်သူ့ကိုမှသူ့လောက်မချစ်ဖူးဘူး အတူတူလျှောက်ခဲ့တဲ့လမ်းတွေ အတူတူသွားခဲ့တဲ့ နေရာလေးတွေ ငါအခုတိုင် ငါ့နှလုံးသားမှာ မင်းလှုပ်ရှားနေတဲ့ပုံရိပ်လေးတွေ ထင်နေတုန်းပဲ... အိပ်မက်တွေထဲမှာလဲ မင်းရဲ့ မင်္ဂလာဆောင်မှာ ငါအသည်းတွေကွဲနေတုန်းပဲ... မင်းနဲ့ငါလေ ဒီလို ညအချိန်လေးမှာပေါ့ ဖုန်းတွေကိုအကြိမ်ကြိမ်ခေါ်ရင်း စကားတွေပြောခဲ့ကြတယ်လေ သူငယ်ချင်တွေပြောတာတောင်ခံလိုက်ရတယ်... ရပါတယ် မင်းသာ ငါ့ဘ၀ရဲ့ အကြည့်နူးဆုံးအရာလေးတစ်ခုပါ မင်းသာရှိရင် ငါ့ဆီလာသမျှ မြှားချက်တွေကို မင်းရဲ့အနူးညံဆုံး.... အချစ်ဆိုတာနဲ့ကာကွယ်ပေးခဲ့တယ်လေ... အခုတော့လဲ ငါ့ဘ၀ ငါ့ဂီတ ငါ့ကမ္ဘာက အားလုံးမျှော်လင့်ချက်တွေမဲ့နေပြီ... ငါနှုတ်ဆိတ်နေပြီ.. ငါစကားလုံးတွေမရှိတော့ပါဘူး ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ ဒီဒဏ်ရာတွေ ဘယ်အချိန်မှကျက်တော့မှာလဲ အကြိမ်ကြိမ်ငါ့မေ့ဖို့ကြိုးစားခဲ့ပါတယ်... ငါမမေ့နိုင်သေးဘူး
... မင်း အချစ်သစ်တခုဆီမှာပျော်ပျော်လေးနေလိုက်ပါကွာ... ငါမလွန်ဆန်နိုင်တဲ့ ဒီလောကကြီးမှာ ငါငြိမ်သက်နေလိုက်ပါ့မယ်....

အချစ်

အနိုင်အရှုံးဆိုတာ
ရန်သူတစ်ယောက်ရဲ့ ပိုင်းခြားမှုပါ
အချစ်ဟာ ရန်ပွဲတစ်ခုမဟုတ်ဘူး
စွန့်လွှတ်မှုတွေရှိခဲ့လိမ့်မယ်
ပေးဆပ်မှုတွေရှိခဲ့လိမ့်မယ်
ရယူမှုတွေရှိခဲ့လိမ့်မယ်
အချစ်မှာ အကွတ်မရှိဘူး
ရှုံးတယ်လို့ပြောခဲ့ကြပါတယ်
ဒါပေမဲ့ တကယ်တော့အရှုံးဆိုတာမရှိခဲ့ပါဘူ
ဖန်တီးသူလဲမရှိခဲ့ဘူး
ငါကိုတိုင်လဲရှုံးခဲ့ဖူးတယ်လို့ပြောလို့ရပါတယ်
ဒါပေမဲ့ ……..
ဒီအရှုံးရဲ့အပေါ် ငါကျေနပ်နိုင်ခဲ့တယ်
အရာရာက အချစ်တစ်ခုအတွက်ပေါ့…..

01 February 2012

Poem

ခံစားချက်မရှိတဲ့
ပျက်ရယ်ပြုသံတွေ
ငါ့ကိုယ်တိုင်လုပ်ခဲ့တဲ့
နှလုံးသားပေါ်က အမှတ်အသားတွေ
မင်းသိပါ့မလား..
ငါ..မင်းအတွက်ခန့်မှန်းနိုင်တာ
အပေါ်ယံပေါ်က
အယူအဆလေးတစ်ခုပါပဲ...
နှလုံးသားကိုမြင်နိုင်လောက်အောင
ငါမကျွမ်းကျင်သေးဘူး
“ချစ်” လို့ခေါ်တဲ့မင်းအသံတွေမှာ
ဟန်ဆောင်မှုတွေမပါပါဘူး
ခံစားချက်လဲမပါဘူး
ဒါပေမဲ့.. ငါရူးမိုက်ခဲ့တာပါ
မဖြစ်နိုင်တာတစ်ခုအတွက်
ငါဇွတ်ချစ်နေမိပြီလေ........