Search Engine

POST LIST

06 October 2012

စစ်သည်တစ်ယောက်သို့

ကောင်မလေး မင်းနဲ့ငါ စတွေက ကတည်းက မာနတွေပြိုင်ဆိုင်ခဲ့ကြတယ်နော်
နင်လဲသိသလို ငါလဲသိတာက ငါတို့ နှစ်ယောက်တကယ်မချစ်ကြဘူး
ဒါပေမဲ့ ငါရဲ့စိတ်ရင်းအမှန်က နင့်ကို နိုင်ချင်တာမဟုတ်ဘူး
နင်ဘ၀ကြီး ပြောင်းလဲစေချင်တာလေ
နင်ကိုလမ်းကြောင်းမှန်တစ်ခုကို ပြောင်းသွားစေချင်၇ုံသက်သက်ပါ
နင်က စစ်တစ်ခု သတ်မှတ်တော့လဲ
ငါ Hero လုပ်ခဲ့ရတယ်လေ
ဒါပေမဲ့ နင့်ကို ငါပြောတဲ့စကားတွေထဲမှာ
အနည်းအကျဉ်းလောက်ပဲမှန်တာကိုပြောမိတာ
ငါတကယ်တောင်းပန်ပါတယ်
တကယ်တော့ ငါ့ကို ဘယ်သူမှမထိန်းချုပ်ဘူး
ငါ့ Human program တွေကပဲ ငါ့ကို ဆုံးဖြတ်ခဲ့တာ
အနိုင်လဲမလိုချင်သလို
မရှုံးချင်တဲ့အတွက်
သရေသတ်မှတ်လိုက်တာပါ