တစစကြွေ
တမွမွဆွေးအောင်
လုပ်ခံရတဲ့ ငါ့အသည်း
ငါတွေ့ခဲ့တဲ့ ရိုင်းစိုင်းခြင်း
ငါဆုံခဲ့တဲ့ကောင်မလေး
ငါအတွက်ဖန်တီးပေးတဲ့ကံကြမ္မာတွေက
တစ်ဖက်သက် ဆန်လှချည်လား
အခုတော့ ငါ့ကိုယ်ငါသိလိုက်တယ်
ငါဟာအများရှေ့မှာ ခေါင်းငုံနေရမတဲ့လေ
အဟာ့..... မင်းကြည့်လိုက်
ငါဟာတကယ်တော့
မင်းတို့အရောင်ချယ်ခဲ့တာပါ
ငါ့ကြမ်းတမ်းတဲ့စိတ်
ရိုင်းစိုင်းတဲ့ကံကြမ္မာ
ခံနိုင်ရည်ရှိနေတဲ့ ငါ့နှလုံးသားရဲ့
တုန့်ပြန်မှုကို
မင်းသိလိမ့်မယ်.............
ကြောင်ရိုင်းလေ