Search Engine

POST LIST

30 April 2012

ကာယံမဲ့ ငါ့အိမ်လေး

ငါ့အကြောင်းငါပြောခဲ့ပြီးပြီ

မင်းလိုချင်တာဘာလဲ

ငါမဟုတ်ဘူးမလား

ငါက အကာယံမထားဘူးနော်

ငါသွားတဲ့လမ်းမှာ ပကာသနမရှိဘူး

မင်းမလိုက်ချင်ရင် ထွက်သွားပါ

ပြန်လှည့်မကြည့်နဲ့

ငါလဲမမှားဘူး

မင်းလဲမမှားဘူး
ငါသွားမဲ့ ခရောင်းလမ်းက

မင်းအတွက် အချိုမြိန်ဘူးတဲ့လား

ငါထားတဲ့ မာနက

ပိုတာပဲလား

အခွံမပါတဲ့ ငါ့ဘ၀ကို

ငါကျေနပ်တယ်

ဟန်ဆောင်နေတဲ့

အိမ်ပြန်လမ်းကို

ငါမရွေးဘူး

ငါအတွက် ဘယ်အရာမှာ အထူးဆိုတာမရှိဘူး

အားလုံးဟာ လူ လူ ချင်းပဲ...