Search Engine

POST LIST

30 April 2012

ညနက်နတ်သမီး

ညတဲ့လား...
လမင်းကြီးအောက်မှာငါ
မင်းကို ငေးကြည့်ဖူးတယ်

စကားတွေရောက်ရက်ခတ်
အသိတွေ တတောက်တောက်ခေါက်လို့
ငါနောက်ပြန် လှည့်ကြည့်ဖူးတယ်

ကြယ်ရောင်ရဲ့ နမိတ်
အင်္ဂါမစုံတဲ့
ကောင်းကင်ရိပ်တွေ
လမင်းလဲပျောက်နေပြီ

ဒီနေရာတစ်ခုရဲ့တံဆိပ်
ဒီစာ ဒီစကားတွေ မမေ့သေးတဲ့ငါလေ
နင့်မရှိတဲ့နေရာကိုသွားပြီ
နင်လာမလားစောင့်နေမိတယ်.........